" လာ.. ဘတ်ဟျွန်းလေး
ဝင်ခဲ့လေ "တတီတီအသံပေးပြီးပွင့်သွားတဲ့ တိုက်ခန်းတံခါးရှေ့မှာ မိုးတိုးမတ်တပ်ဖြစ်နေတဲ့ ဘတ်ဟျွန်းကို မမယူနာကလှမ်းခေါ်တယ်။ ဒီခြေလှမ်းတွေရှေ့တိုးရမှာတောင် တအားရင်ခုန်နေတဲ့အဖြစ်က ဒီတိုက်ခန်းရဲ့ပိုင်ရှင်ဟာ ဘတ်ဟျွန်းရဲ့ကိုကို ပတ်ခ်ချန်းယောလ်ဖြစ်နေလို့ပါပဲ။
ညနေဖက် စတူဒီယိုမှာသီချင်းသွင်းနေတုန်း ထင်ထားတာထက်စောပြီးသွားတော့ ပျော်လိုက်တဲ့ဖြစ်ခြင်း။ အချိန်ရတာနဲ့ အရင်ဆုံးသွားချင်တဲ့နေရာက ကိုကိုရှိနေတဲ့ဆေးရုံလေးပါပဲ။
နေ့လည်စာစားမယ်လို့ကတိပေးထားသူက ညစာစားဖို့ပါရောက်လာတယ်ဆိုရင် ကိုကိုအရမ်းပျော်သွားလိမ့်မယ်... အံ့သြဝမ်းသာသွားတဲ့ ကိုကို့မျက်နှာအမူအရာကိုမြင်ချင်လွန်းတာကြောင့် ဆေးရုံကိုတန်းတန်းမတ်မတ်လာခဲ့လိုက်တယ်။
ဆေးရုံကားပါကင်ထဲလည်းရောက်ရော... မလာမိရင်ကောင်းသားလို့တွေးမိသွားတဲ့အဖြစ်က ဘတ်ဟျွန်းနောက်ကို လိုက်ချောင်းဖူးတဲ့ saesang fanတွေမောင်းတဲ့ကားကို သတိထားမိသွားလို့ပဲ။
ကားပေါ်ကဆင်းပြီးမှ ဘယ်ဆက်သွားလို့သွားရမှန်းမသိတဲ့ ဘတ်ဟျွန်းရှေ့မှာ ရပ်တန့်လာတာက မမယူနာရဲ့ကား။ ထုံးစံအတိုင်း ရုပ်ဖျက်ထားတာကိုမှ လမ်းလျှောက်ပုံလေးမြင်ရုံနဲ့ ဘတ်ဟျွန်းမှန်းသိလိုက်တယ်လို့ နှုတ်ဆက်လာတဲ့ မမရဲ့ကားထဲအမြန်ဆုံးဝင်ထိုင်ပြီး ဟိုလူတွေကိုခြေရာဖျောက်ခဲ့တယ်။
အကျိုးအကြောင်းရှင်းပြပြီးနောက်တော့ မမကေ
ဒေါသတွေထွက်လို့ ဘတ်ဟျွန်းမှာပြန်ချော့နေရတယ်။ ကိုကို့အိမ်မှာ အဝတ်အစားတချို့သွားယူပြီးရင် ဆေးရုံပြန်ခေါ်လာမယ်ဆိုလို့ မမနောက်ကလိုက်ပြီး ကိုကိုနေတဲ့ ကွန်ဒိုတိုက်ခန်းပေါ်ကိုပထမဆုံးအကြိမ်ရောက်ဖူးပြီပေါ့လေ။ိအိမ်အတွင်းပိုင်းအပြင်အဆင်ကရိုးရှင်းလှသလိုပဲ များပြားလှစွာသောအခန်းတွေထဲမှာ ကိုကို့ရဲ့အားကစားလေ့ကျင့်ရေးပစ္စည်းတွေနေရာယူတယ်။ ဝရန်တာအကျယ်ကြီးရဲ့ဘေးမှာ ပြာလွင်လွင်ရေကန်ကျယ်ကြီးက အံ့သြမှင်သက်လောက်စရာ လှပလွန်းနေတယ်။
YOU ARE READING
In ❤️ With my Saesang Fan
FanfictionGloxiniaDonation Project အတွက်ရေးထားတဲ့ PDF လေးပါ။ အချိန်အားတဲ့အခါ extra လေးရေးပေးပါဦးမယ် ❤️ သတိ !!! အချိုများပြီး ပွက်ချိတ်ကိုက်လျှင် တာဝန်မယူ 😆 Cover By @mee_ge_park Chanbaek yaoi MM fic