ဆေးရုံသွားနေတဲ့လမ်းမှာ ဆူဟို Hyung ပြန်ဖုန်းဆက်လာတော့ ဘတ်ဟျွန်းကို လူကြားထဲထင်းမနေအောင်သတိထားဖို့ပြောသည်။ ဆေးရုံရဲ့ မြေအောက် car parking မှာ van ကားတစီးစောင့်ပေးနေတာကြောင့် လူနာနဲ့အတူ ဆေးရုံထဲမဝင်ဘဲ car parking ဆီလျှောက်လာဖို့အကြံပေးတဲ့အတိုင်းလိုက်နာဖြစ်သည်။
ကိုကို့အတွက် ဘယ်လိုပဲစိုးရိမ်နေပါစေ... တရားခံရှင်းရှင်းလင်းလင်းမသိရသေးတဲ့ accident တခုမှာ ဘတ်ဟျွန်းပါဝင်ပတ်သက်နေကြောင်းမီဒီယာတွေကမသိသေးခင် ကိုယ်ယောင်ဖျောက်နေသင့်တာမို့ ကိုကိုအဆင်ပြေပါစေ ... သိပ်ပြီးမထိခိုက်ပါစေနဲ့လို့သာဆုတောင်းရင်း van ကားရဲ့ နောက်ခုံမှာခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။
ကိုကိုနဲ့ပတ်သက်သောအတိတ်ဖြစ်ရပ်တွေ ရင်ထဲပြန်လည်ပြည့်နှက်လာချိန်တိုင်း...ဘတ်ဟျွန်း၏စိတ်အလျဉ်က လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ရက်စွဲတခုဆီသို့ ငြင်သာစွာရွေ့လျားသည်။
* ကျောင်းတွင်း အငယ်တန်းရေကူးပြိုင်ပွဲ *ဟု နာမည်ရေးထိုးထားသော အဆောက်အအုံကြီး၏ရှေ့တွင် တီရှပ်အနီနဲ့ ဘောင်းဘီတိုအဖြူလေးဝတ်ထားသော ခြောက်နှစ်အရွယ် မူလတန်းကျောင်းသားလေးရှိနေသည်။
ဝတုတ်ဖောင်းကစ်နေသော လက်ကလေးတွေထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော banner ဖြူဖြူလေးကို ဖြန့်ကြည့်မည်ဆိုလျှင် * ကိုကို ပတ်ခ်ချန်းယောလ် အတော်ဆုံး * ဟု မပီမသကူးရေးထားသော ကြောင်ချီးကုတ် ကလေးလက်ရေးလေးတွေ တွေ့ရပေမည်။
" ဟျွန်းလေး အဆင်သင့်ပဲလား "
" Nae !!! "
်ူပြိုင်ပွဲပေါင်းများစွာ အားပေးတတ်ခဲ့သော အတွေ့အကြုံကြောင့် ပွဲကြည့်စင်နေရာရွေးတတ်နေသော ဘတ်ဟျွန်းလေးကို စီနီယာကိုကို မမတွေ လက်ဖျားခါရသည်။ ရေကူးပြိုင်ပွဲရှိတိုင်းမှာ ဘတ်ဟျွန်းနဲ့အတူတူအားပေးတတ်သော ဂီတဆရာက ကိုကိုပတ်ခ်ချန်းယောလ်ရဲ့ ဦးလေးတယောက်ဖြစ်တာကြောင့် ကိုကိုက ဘယ်လိုတော်ကြောင်း.... ဘယ်လိုစိတ်ပိုင်းဖြတ်မှုနဲ့လေ့ကျင့်တတ်ကြောင်း.... ရေအောက်မှာ အသက်မရှူဘဲအကြာကြီးနေနိုင်ကြောင်းစသည်ဖြင့် ပြောပြလာသမျှကို ပါးစပ်ကလေးဝိုင်းပြီးနားထောင်ရတာ ဘယ်တော့မှရိုးအီသွားသည်မရှိခဲ့။
YOU ARE READING
In ❤️ With my Saesang Fan
FanfictionGloxiniaDonation Project အတွက်ရေးထားတဲ့ PDF လေးပါ။ အချိန်အားတဲ့အခါ extra လေးရေးပေးပါဦးမယ် ❤️ သတိ !!! အချိုများပြီး ပွက်ချိတ်ကိုက်လျှင် တာဝန်မယူ 😆 Cover By @mee_ge_park Chanbaek yaoi MM fic