ညတုန်းက ဘတ်ဟျွန်းနဲ့တူတူ ကမ္ဘာတပတ်လျှောက်လည်တယ်ဆိုသော အိပ်မက်လှလှလေးတွေမက်ခဲ့ရသူချန်းယောလ်မှာ မနက်မိုးလင်းလို့မျက်လုံးနှစ်လုံးပွင့်ချိန်ကစပြီး အမဖြစ်သူ ယူနာနဲ့ မန်နေဂျာ ကျန်းရီရှင်းတို့ တလှည့်စီဖုန်းဆက်ကာ ကြိမ်းမောင်းဒေါပွခြင်းခံရတာမို့ မျက်နှာလေးကဇီးရွက်လောက်သာကျန်တော့သည်။
ဘတ်ဟျွန်းနဲ့ပတ်သက်သော အမှတ်တရပစ္စည်းတွေထားတဲ့အခန်းထဲက ချန်းယောလ်တယောက်တည်းသိတဲ့ လျှို့ဝှက်နေရာကို ရှာတွေ့သွားသူမှာ တခြားသူမဟုတ်ဘဲ ဘတ်ဟျွန်းကိုယ်တိုင်ဖြစ်နေတဲ့အချက်က ချန်းယောလ်တကိုယ်လုံးထူပူပြီး ရူးခါသွားစေသည့် တခုတည်းသောအကြောင်းရင်းမဟုတ်သေး။
ထိုအခန်းထဲမှာ အနှစ်နှစ်အလလသိမ်းဆည်းထားခဲ့သော ခိုးရာပါပစ္စည်းများစွာ၏ identity ကို ဘတ်ဟျွန်းနားလည်သွားရင်ဖြင့် သူ့အပေါ်သဘောထားတွေတိမ်းစောင်းပြီး စိမ်းစိမ်းကားကားဖြစ်သွားနိုင်သလို... အခန့်မသင့်ရင် တရားစွဲချင်စွဲနိုင်သေးတဲ့ အနေအထားကြီးမို့ ဆေးရုံရဲ့ခြောက်လွှာကနေ ခုန်ချ၍သာသေပစ်ချင်တော့သည်။
saesang တွေမုန်းပါတယ်ဆိုတာကို သိသိသာသာကြီး ထုတ်ဖော်ပြထားတဲ့ idol... အိမ်ကိုသူခိုးကပ်တယ်လို့ insta မှာ ပေါ်တင်ပြောပြပြီး ဟိုအိမ်ပြောင်းဒီအိမ်ပြောင်းနဲ့ ဒုက္ခများနေရှာတဲ့ ကောင်လေးတယောက်ကို အဆုံးစွန်ထိလိုက်လံနှောင့်ယှက်နေတဲ့ပုံစံပေါက်သွားလားဆိုပြီး တခါတလေတော့လည်း နောင်တပိကျိလေးရခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း...သူနေတဲ့အရပ်ကို တလနေလို့တခါမှခြေမချရင် ဘယ်လိုမှနေလို့ထိုင်လို့မရစွာ သောင်ပြင်ပေါ်ရောက်တဲ့ ငါးမန်းကြီးလို ဖျတ်ဖျတ်လူးနေတတ်တဲ့ အကျင့်ကြောင့် ကိုယ်ရထားတဲ့ IT ဘွဲ့လေးကိုလက်တွေ့အသုံးချလို့ အနည်းဆုံးတလတခါလောက်တော့ တံခါးသော့ hack လုပ်ပြီးဝင်ဖြစ်တယ်။
ခိုးတယ်ဆိုတာလည်း တန်ဖိုးကြီးပစ္စည်းတွေမဟုတ်ပါဘူး... အိမ်နေရင်းဝတ်စုံလေးတွေ..ကုန်ခါနီး ခေါင်းလျှော်ရည်..ကော်ဖီခွက်အဟောင်း.. ဆံပင်ညှပ်တဲ့ကလစ်လေးတွေလိုမျိုး သိပ်ပြီးမသိသာစေတဲ့အရာမျိုးတွေပဲယူသွားတာကို မျက်စိလျင်တဲ့အကောင်ပေါက်လေးကလည်း ဘယ်ပစ္စည်းပျောက်နေလဲဆိုတာ တအားမြင်တတ်တယ်။
YOU ARE READING
In ❤️ With my Saesang Fan
FanfictionGloxiniaDonation Project အတွက်ရေးထားတဲ့ PDF လေးပါ။ အချိန်အားတဲ့အခါ extra လေးရေးပေးပါဦးမယ် ❤️ သတိ !!! အချိုများပြီး ပွက်ချိတ်ကိုက်လျှင် တာဝန်မယူ 😆 Cover By @mee_ge_park Chanbaek yaoi MM fic