Uni...
" Daddy "
အိပ်ချင်မူးတူးရုပ်နဲ့ ဆံပင်လေးတွေဟာလထိုးထိုးထောင်ထောင်... လက်တစ်ဖက်ဖြင့်မျက်လုံးကို ပွတ်ခါ ကုတင်ပေါ်မှာ ငုတ်တုတ်လေး ထိုင်နေတဲ့ ယုန်ပေါက်လေး....
" Morning အသဲလေး လေးနိုးပြီလား "
ရေချိုးခန်းထဲကနေ အပေါ်ပိုင်းဗလာဖြင့် သဘတ်အဖြူကို ခါးမှာပတ်ကာ ထွက်လာတဲ့ Daddy ပုံစံဟာ အရမ်းကို မိမိုက်လွန်းသည်။
ရေချိူးပြီး စမို့ လန်းဆန်းနေတဲ့ Daddy ရဲ့မျက်နှာ... ရေစက်ကလေးတွေဟာ Daddy ဆံစက်နဲ့ ရင်အုံ ကြားတွဲလျား ခိုနေသည်..... ရေစက်ကလေးများ ရင်အုံကနေ ဝမ်းဗိုက် ကြွက်သားအောက်ဘက်ထိ စီးကျလာတဲ့ ပုံစံဟာ မိုးသားကို ရေငတ်စေသည်....
" ဟင့်~~~Daddy ~~~သား လဲ လိုက်ချင်တယ်လို့~~~~ "
ကြည့်ပါအုံး သူ့ကို ကုမ္ပဏီမခေါ် သွားလို့.... Zခါးကိုဖတ်ကာ ရင်ခွင်ထဲတိုးဝင်ပြီး ချွဲနေတဲ့ ပေါက်စ...
" စာသင်ရမယ်လေ အချစ်ကလေးရဲ့ "
ပြောလိုက်တော့ နှုတ်ခမ်းလေးဆူ လက်လေးပိုက်ကာ...စဥ်းစားနေပြန်သည်။
" စာသင်ပြီးရင် လာခဲ့ချင်တယ်.. Daddy နဲ့ထမင်းတူတူစားချင်တယ် "
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ တောင်းဆိုနေတဲ့ အချစ်ကလေးကြောင့် Z အရှုံးပေးရပြန်သည်....
" ဟုတ်ပြီ.... ကိုယ်မင်းဉာဏ်လွှတ်လိုက်မယ် "
" ယေးးးး ဒါမှ Daddy ကွ "
လက်သီးလက်မောင်းတန်းပြီး ကုတင်ပေါ်ခုန်ပေါက် အူမြူးနေတဲ့ ခွေးပေါက်ကြောင့် ကိုယ်ပါပြုံးမိသည်... ချစ်ရတဲ့ အသည်းသက်လေး....
" ကဲ လာ အခုတော့ မျက်နှာသစ်တော့မယ် "
Z သူ့ Babe လေးကို ကလေးတစ်ယောက်လို့ ဂျိုင်းက ကောက်မလိုက်တော့ ' အမလေး ပလုတ်တုတ် ' ဆိုပြီးထယောင်လေး ...
တနေ့ တနေ့ မျက်နှာသစ်ရင်လဲ အငြိမ်မနေ လူကြီးကို လိုက်စနေတဲ့ ဒီပေါက်စကြောင့် Z တယောက် မချစ်ဘဲ မနေနိုင်...
ဒီနေ့တော့ Z ကလေးပေါက်ရွေးပေးတဲ့ အင်္ကျီနဲ့.... Z သူ့ရဲ့ အဝတ်လှဲခန်းဆီ ပေါက်စ ကို လက်တစ်ဖက်ဖြင့် ကလေးတစ်ယောက် ချီသလို ချီကာ....
YOU ARE READING
Mr.Z..../ S1 ( Z &U )Complete
Romanceကိုယ့်ရဲ့ အရာရာ မင်းဘဲဖြစ်စေရမယ်...... ကိုယ့်ရဲ့အရာရာ မင်းဘဲဖြစ်စေရမယ်....