Uni..
" ပါးပါး ကလေးလေးလေ..... အထဲမှာ ပျင်းနေပြီလားဟင်.....အပြင်ထွက်လာရင် ပါးပါးနဲ့ ဆော့ကြမယ်နော်..... "
" အပင်ပေါက်လေး ကိုလေ ပါးပါးကော..Daddy ကောက အရမ်းချစ်တာ သိလား "
" အပင်ပေါက်လေး က အထဲက လိမ်လိမ်မာမာနေရမယ်နော်.... "
" အပင်ပေါက်လေးကို ပါးပါးက ကာကွယ်ပေးမှာ "
ဗိုက်လုံးလုံးလေး ကို ပွတ်ကာ.... တစ်ယောက်ထဲ စကားပြောနေတဲ့ ကလေးငယ်.... သူလေးကို တံခါးဝ ကနေ ငေးကြည့်နေတဲ့ Z.... အသဲယားလွန်းလို့... ကိုက်ဖဲ့ ပလိုက်ချင်သည်....
တကယ့် လက်တွေ့မှာတော့... သူ့ကလေးလေးကို ကိုက်ဖဲ့ဖို့နေနေသာသာ သူအကြမ်းပတမ်း ထိလို့ ပွန်းပဲ့ သွားမှာတောင် ကြောက်နေတာ.....
ကျွန်တော် ကလေးလေးက သိပ်သတ္တိရှိတာ...... အပင်ေပါက်လေး ကိုလဲ အရမ်းချစ်.... နောက်တစ်ချိန်....ကျွန်တော်ရယ်.... Babe ရယ်...ဗိုက်ထဲက ချီးထုပ်လေး ရယ်..... ပျော်ရွှင်တဲ့ ဘဝလေး တည်ဆောင်ရရင် ကျေနပ်ပါပြီ.....
အတွေးစစ နဲ့ တွေးနေတုန်း ကလေးငယ် ခေါ်သံကြောင့်.....
" Daddy အပင်ပေါက်လေး က ဘာကောင်လေး မွေးမလဲ မသိဘူးနော် "
* ဟမ်! * ကလေးငယ် ရဲ့ အပြောကြောင့် ပြောမဲ့ စကားလုံးတောင် ပျောက်ရှကုန်သည်.....
ဒီကလေး ကာတွန်း ကားတွေ ထဲကလို မြန်းထင်နေသလား....
" သားသားကတော့ အပင်ပေါက်လေး ဘာကောင်ဖြစ်ဖြစ် ချစ်တယ်...... Daddy လဲ ချစ်ကမယ်နော် "
အံမယ် ဒင်းလေးက လူကိုတောင်လက်ညိုးထိုးပြီး Daddy လဲ ချစ်ကမယ်ဆိုတော့ မသိရင် ကိုယ်က သူ့အပင်ပေါက်ကို မချစ်မှာဆိုတော့...
" အင် ချစ်တာပေါ့ ဒါပေမဲ့ ကိုယ့်က အပင်ပေါက်လေးရဲ့ ပါးပါးကို ပိုချစ်တယ် ပြွတ် "
နှုတ်ခမ်းလေးတွေ နမ်းကာပြောတော့..... သူလေးက ကျေနပ်နေပုံ...
ခနနေတော့ တစ်ခုခုစဥ်းစားနေဟန်.... Z ရင်ခွင်ထဲ အတင်း တိုးဝင်ကာ.... Z လက်ကြီးကိုလဲ သူ့အား ဖတ်ခိုင်းထားသည်..... ပြီးနောက်....
" Daddy.... ပျိုဆိုတာ ဘယ်သူလဲဟင် "
ကလေးငယ်က ပျိုနဲ့ ပက်သက်ရင် သူ့အားထားခဲ့ခံရမှာ ကြောက်နေပုံ..... Z ရဲ့ လက်တွေကို သေချာ ပိုက်ထားသည်....
YOU ARE READING
Mr.Z..../ S1 ( Z &U )Complete
Romanceကိုယ့်ရဲ့ အရာရာ မင်းဘဲဖြစ်စေရမယ်...... ကိုယ့်ရဲ့အရာရာ မင်းဘဲဖြစ်စေရမယ်....