Ep-36

18K 984 68
                                    


Uni...

** ဟူးးးးး စိတ်လျော့မဟာမှိုင်း စိတ်လျော့ ဟူးးးး **

အခန်းထဲ သူတစ်ယောက်ထဲ ဟိုလျှောက် ဒီလျှောက်နဲ့.... နာရီဝက်လောက်ရှိမယ်.... သူချစ်တဲ့ကောင်လေးကို....တစ်လောကလုံးရှေ့ ပိုင်ဆိုင်ရတော့မည် ဆိုတာကြောင့်.......တစ်မက်နက်လုံး စိတ်တွေ လှုပ်ရှားလွန်းလို့... ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ပင်..... တစ်ယောက်ထဲ ပြာယာခက်နေသည်.....

အခုထိတော့ ကိုယ့်ရဲ့ သတို့သားလောင်းလေးကို မတွေ့ရသေး.... ပြောရရင် ညကတည်းက ဆိုပါတော့.... မကြာခင်ဘဲမင်္ဂလာ ဆောင်ရတော့... ကိုယ့်ချစ်တဲ့ သူမျက်မှာလေး မမြင်ရသေးဘူးဆိုတော့ ခံစားချက်ကြီးက အောင့်သက်သက်ပေါ့.....


သတို့သား ၂ယောက်ဟာ ဟိုဘက်အခန်းနဲ့ ဒီဘက် အခန်းဆိုပေမဲ့..... တစ်ယောက်ကတော့ ဖင်ထဲ မီးခဲတုံး ဝင်သလိုဘဲ ထိုင်လိုက် ထလိုက်နဲ့.... မျက်စိကိုနောက်လို့....

နောက်တစ်ယောက်တော့.... မိက်ကပ်ပြင်ဆရာတွေနဲ့ အင်္ကျီဒီဇိုင်နာ တွေနဲ့ အဝတ်စားလှဲနေတော့တယ်....

** ကျစ် တွေ့ချင်လာပြီကွာ....**

** ငါသွားတော့ရင် ငယ်စိတ်ဆိုးမှာ**

** ဒါပေမဲ့ လွမ်းလှပြီ... **

** အခန်းထဲက အခုထိ ထွက်မလာသေးဘူးလားကွာ **

** သွားချောင်းလိုက် ရမလား **

** ငယ် စိတ်ဆိုးရင် ကမ္ဘာပျက်မှာ **

** ငယ်လေးရေ.... ထွက်လာပါတော့ **

** အချစ်ရေ... ကိုယ်မင်းမျက်နှာလေးကိုတွေ့ချင်နေပြီ **

အခန်းအတွင်း အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြင့် တစ်ယောက်ထဲ စကားတွေ ပြောနေတဲ့ ဉီးမှိုင်း အရူးကြီးကြလို့... သူ့ဒုက္ခကလဲ မသေးပါလား...

ဒီပုံစံဟာလေ.... မင်းတို့တွေ့နေကြ...မဟာမှိုင်းမဟုတ်တော့ဘူး..... လင်တရူးမဟာမှိုင်းဖြစ်နေပြီ..... အချစ်နဲ့တွေ့ရင်... သူ့ခမျာ တီကောင်ဆားနဲ့ ပက်သလို...ဖျက်ဖျက်ကို လူးလို့.....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now