" ကိုယ်တို့ လက်ထပ်ရအောင် "
မယုံနိုင်စရာ စကားကို ဦးမှိုင်းမှ ဆိုလာတယ်.... တကယ်ကြီး.... တကယ်ကြီး...ဦးမှိုင်း....သူချစ်တဲ့ ဦးမဟာမှိုင်း ကြီးက သူ့ကိုလက်ထပ်မှာတဲ့..... အားးးး ရင်တွေ ခုန်လိုက်တာ....
ဒါအိမ်မက်မဖြစ်ပါစေနဲ့လို့.... အကြိမ်ကြိမ် ဆုတောင်းမိတယ်....
" ကိုယ့်ကိုလက်ထပ်ပါနိုင်မလား ငယ် "
Yan ပါးစပ်အဟောင်းသားလေးနဲ့ ဘာဆက်ပြောရမှန်းမသိ.... သူပျော်သည်...သေလောက်အောင်ပျော်ရွှင်သည်..... သူမျှော်မှန်းခဲ့ဖူးသည့်.... အိမ်မက်လေးအခုတော့ ဖြစ်လာပြီ..... မျက်ရည်တောင် ကျမိသည်....
" ကိုယ်တို့အချစ်တွေကို တစ်ကနေပြန်စခွင့်ပြုပါနော် "
"...... "
ပြောမပြတက်အောင်ကိုဘဲ ပျော်လွန်းလို့ ငိုနေရသည်။" ငိုနေတယ်.... အဟားးအခုမှဘဲ ဂျစ်တူးရုပ်လေးနဲ့တူသွားတော့တယ် "
ငိုနေတဲ့ ကောင်လေးဟာ ကလေးလေးတစ်ယောက်လို.... ချစ်လိုက်တာ ကိုယ့်ရဲ့ ရှင်သန်ခြင်းလေး" ဘာဂျစ်တူးလဲ ဦးမှိုင်းနော် "
ဂျစ်တူးလေးက စွာလိုက်တာ...
" ကိုယ့်ကို လက်ထပ်မယ်မှတ်လားငယ် "
ဦးမှိုင်းပြန်မေးတော့" အင်... ဦးမှိုင်းကို လက်ထပ်မယ် "
မျက်ရည်တွေကြားထဲ က ခေါင်းတဆက်ဆက်ငြိမ့်နေတဲ့ ကောင်လေးကိူ ချစ်လွန်းလို့ တင်းကျပ်နေအောင်ဖတ်ထားလိုက်သည်..။
ထိုညက ကောင်လေး ၂ယောက် ပျော်ရွှင်စွာဇာတ်သိမ်းခဲ့ လေသည်ပေါ့....
.
.
.
.
.
.
.
." ဦးမှိုင်း~~ပင်ပန်း နေပြီလား..... "
ငယ်တောင်ရောက်ပြီဘဲ အချိန်ကို ကြည့်တော့ ဟုတ်ပါရဲ့ နေ့လည်စာ စားရမည့် အချိန်တောင်ရောက်ပြီနေ.... ကိုယ်လဲ စစ်လက်စ စာရင်းစာအုပ်ကို ပိတ်ကာ.... ချစ်ရတဲ့ ငယ်အနားသို့.....
Yan နဲ့ ဦးမှိုင်း နားလည်မှုတွေ ရသွားပြီနောက်.... Yan ဦးမှိုင်းနဲ့ အတူ.... စံအိမ်မှာဘဲ လိုက်နေဖြစ်တယ်..... အခုတော့ 1 လကျော်ကျော် ပစ်ထားခဲ့တဲ့ အလုပ်တွေကို အတိုးချလုပ်နေရတော့သည်။
YOU ARE READING
Mr.Z..../ S1 ( Z &U )Complete
Romanceကိုယ့်ရဲ့ အရာရာ မင်းဘဲဖြစ်စေရမယ်...... ကိုယ့်ရဲ့အရာရာ မင်းဘဲဖြစ်စေရမယ်....