Uni....
" ဟိုလေ ကြီးကြီး.... Daddy က ပြန်လာသေးဘူးလားဟင် "
မျက်နှာငယ်လေးနဲ့ မေးနေတဲ့ ကလေးကြောင့် ဒေါ်ချိုလဲ ဘာဖြေရမှန်းမသိ.... ဟုတ်ပါရဲ့.... သခင်ကြီး ခရီးထွက်သွားတာ 2 ရက်တောင် ရှိပြီ ပြန်မလာသေးဘူး..... ကြည့်ပါအုံး ဒီကလေး သခင်ကြီး မရှိထဲက ငြိမ်ကျသွားလိုက်တာ... တခါတလေ မှသာ ခြံထဲ ဆင်းတယ်.....
စံအိမ်တော်ထဲက လူတွေလဲ ကလေးကို ပျော်အောင်နည်းမျိုးစုံနဲ့ လုပ်ပေမဲ့ မိုးသားကတော့ သခင်ကြီးZ ကိုသာမေးမေးနေတော့..... အိမ်တော်ကလူတွေလဲ ဖြေရခက်သား.....
" ကြီးချိုလဲ မသိပါဘူး ကလေးရယ် ဟူးး..... "
ဒေါ်ချိုလဲ ဘာဖြေရမှန်းမသိတာကြောင့် လေပူ တစ်ချက်သာ မှုတ်ထုတ်လိုက်သည်။
" ဟုတ်ကဲ့ "
မျှော်လင့်ချက်မဲ့သော မျက်နှာလေးနဲ့ ကလေးငယ်.....
" သား စားလို့ရပြီနော် "
ဒေါ်ချိုလဲ အိမ်ပေါက်ဝအား ငေးတေးတေး ဖြစ်နေတဲ့ ကလေးကို မနက်စာစားရန် သတိပေးလိုက်တော့မှ.... ခေါင်းလေးငြိမ့်ပြလာတယ်....
" ဟူးး....Daddy မြန်မြန်ပြန်လာရင်ကောင်းမှာပါ "
တိုးတိုးလေး ငြီးဆိုလိုက်သည်..။
Daddy မရှိတော့ လူက ပျင်းနေပြီ....Daddy ကမှာထားတယ် သူမရှိလဲ မနက်စာ ပုံမှန်စားကမယ်တဲ့... စာလဲ ကောင်းကောင်းလုပ်ကမယ်တဲ့ လိမ္မာရင် Daddy က ခရီးလိုက်ပို့မယ် ပြောတယ်...။
မိုးသား သူ့Daddy စကားကို နားထောင်သည့်အနေဖြင့်.... မနက်စာစားရန် ထမင်းဝိုင်းသို့...
" ဝေါ့...ဝေါ့....."
" ဟယ် သားလေး ဟဲ့ ကလေးမလေးတွေ ဟဲ့....လာကြအုန်း "
ရုတ်တရတ် ဘေဇင် မှာ ထိုးအန်တဲ့ မိုးသားကြောင့် အားလုံးပြာပြာသလဲ ဖြစ်ကုန်ပြီ....
" အဲ့အနံ့ကြီး မကြိုက်ဘူး ...အော့~~ဝေါ့ "
စားပွဲပေါ်က မနက်စာ စွတ်ပြုတ်ပန်းကန်ကို လက်ညိုးထိုးကာ.....
" သားလေး အဆင်ပြေရဲ့လား... ကလေးမတွေ အဲ့ပန်းကန် ပြန်ယူသွားကြ "
YOU ARE READING
Mr.Z..../ S1 ( Z &U )Complete
Romanceကိုယ့်ရဲ့ အရာရာ မင်းဘဲဖြစ်စေရမယ်...... ကိုယ့်ရဲ့အရာရာ မင်းဘဲဖြစ်စေရမယ်....