Uni....
" Doctor အမေ့ အခြေအနေလေး "
Yan ဘဝ မှာ ပြေးကြည့်မှ အမေတစ်ယောက်ဘဲ ရှိတောသည်မို့အမေသာ တစ်ခုခုဖြစ်ခဲ့ရင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မှာမဟုတ်....
" ကျနော်တို့ နောက်ဆုံးအကြိမ် ကြိုးစားကြည့်ပေမဲ့ စိတ်မကောင်းစွာဘဲ လက်လျော့ ရပါတော့မယ် "
" ဗျာ..... "
ကမ္ဘာလောက ကြီးတစ်ခုလုံး ရပ်တန့်သွားသလိုပင်....... အရာရာတိုင်းကလဲ သူ့အာရုံမှာ လည်ပတ်နေတယ် ပတ်ဝန်းကျင်တစ်ခုလုံး လည်ပတ်နေတယ်..... သူဘေးက လူတွေ အသီးသီး ဖြတ်သွားပေမဲ့ သူ့နားထဲ Doctor ရဲ့ပြောသံသာ ထပ်ခါထပ်ခါကြားယောင်နေတယ်.....
" ဒီ Chemo ( ကင်ဆာ ) ဆေးတွေက အရမ်းပြင်းတော့ မောင်ရှင်းသန့်အမေ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး "
" ..... "
ရှင်းသန့်နောင် ဆရာဝန်ခန်းထဲမှ ထွက်လာပြီးနောက် .... လူဟာ အရုပ်ကြိုးပျက်သလို ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ အမေ့ ကျန်းမာရေးအတွက် သူ့ဘဝကြီးတစ်ခုလုံးပေးဆပ်ခဲ့တာ.....အမေအသက်ရှင်ဖို့ တစ်ခုတည်းအတွက်သာ...
.
.
.
.
.
." သားလေး ....... "
" အမေ ...... "
အမေမသိအောင် ကျလုဆဲ မျက်ရည်တွေကို သုတ်ခါ.... အပြုံးတုဖြင့် ပြန်ပြုံးပြသည်....
" ငါ့သားလေး လဲ ပင်ပန်းရောပေါ့ "
"....... "
အမေရဲ့ ပျော့တွဲကျနေတဲ့ အရိုးပေါ်အရည်တင် လက်ကလေးကို စုတ်ကိုင်ကာ.....
" သားခံနိုင်ရည် ရှိပါသေးတယ် အမေရ.....သားယောက်ကျားပါဗျ ဟီးဟီး "
အမေ့ရှေ့မို့ .....အမေ့ရှေ့မှာမို့ သားကြံခိုင်ပေမဲ့ သားအကြိမ်ကြိမ် ပြိုလဲနေ ခဲ့တယ် အမေရယ်......
" သားက သားလိမ္မာလေးပါ တစ်နေ့ ဘုရားသခင်က သားအတွက် ကောင်းချီးပေးပါမှာ ယုံနော် အမေ့ကလေးလေး "
မရှိမဲ့ရှိမဲ့ အားလေးဖြင့် Yan ဆံပင်လေးတွေကို ပွတ်ပေးနေတဲ့ အမေ.....
** အမေသိပါတယ် ကလေးရယ် ~~~ အမေက သားအမေဘဲ အမေ့သားလေးရဲ့ ဖြစ်တည်မှုတိုင်း အမေလက်ခံတယ် ကလေး..... **
YOU ARE READING
Mr.Z..../ S1 ( Z &U )Complete
Romanceကိုယ့်ရဲ့ အရာရာ မင်းဘဲဖြစ်စေရမယ်...... ကိုယ့်ရဲ့အရာရာ မင်းဘဲဖြစ်စေရမယ်....