Ep-46

15.7K 936 65
                                    

Unicord...

3 နှစ်ကြာပြီးနောက်.....,

အရာရာဟာ ပုံမှန်ထက် ပိုပြီး စိုပြေလာတယ်.... အချစ်ဆိုတာ ဘာမှန်းမသိတဲ့ လူကြမ်းကြီးတွေအတွက်.... မိသားစု ဘဝလေးတွေ ကိုယ်ဆီရှိလာတဲ့ အခါ.......

" မင်းဉာဏ် !!! "

နေ့တစ်နေ့ရဲ့ အစကို.... ကိုကိုရဲ့ ဆူတဲ့အသံလေးနဲ့ အစပြုတယ် ဆိုပါတော့....

" အဟီးးးဂျာ...ကိုကို... "

အပစ်လုပ်ထားတဲ့ ရုပ်က လေ ရိုက်ချင်စရာ....

" မနေ့ ညက ဘယ်သွားလဲ ! "

တစ်ညလုံး ပြန်မလာလို့ ကိုယ့်မှာ စိတ်ပူလိုက်ရတာ....သားသားနောင်တံခွန်လဲ ပါသွားတယ်ဆိုတော့ ကိုယ့်မှာ ဒီကလေး ၂ယောက်ကို စိတ်မချ တစ်ညလုံး မအိပ်ရဘဲ ပျာယာကိုခတ်လို့....

ဒင်းတို့ ကတော့.... Club မှာ သွားသောင်းကျန်းနေကြတာ !...တော်သေးတာပေါ့....ကိုယ့်ဆိုင်က ဝန်ထမ်းကလေးတွေ တွေ့လို့.... ဖုန်းဆက်ပြောတာ.....သားသားနောင်တံခွန်ကိုတောင် ခေါ်သွားလေရဲ့......အခုမှ အိမ်ကို မူးမူးရှုးရှုးနဲ့ ပြန်လာတာ... လက်ထဲမှာလဲ ကလေး တစ်ဖတ်နဲ့....

နောင်တံခွန်လေး.... မျက်နှာတစ်ခုလုံးလဲ နှုတ်ခမ်းနီရာ တွေကြီးဘဲ....... သားသားက လူချစ်လူခင်များတယ်ဆိုပေမဲ့... ဒီလိုကြီးတော့ ရှင်းသန့်နောင်သဘောမကျ.....Club က မိန်းကလေးတွေ နမ်းတာဘဲ ဖြစ်ကမယ်!

" နောင်တံခွန်...! "

ခေါ်လိုကတော့ အိပ်ချင်မှုးတူးဖြင့်။

" ခညာ....ဘာဘာ..... "

" မနေ့ညက ဘယ်သွားလဲ... "

ရှင်းသန့် မေးတော့..... နောင်တံခွန် ခမျာ.... သူ့ဖေကြီး မင်းဉာဏ်ကို ကြည့်လိုက်.... သူ့ဘာဘာ ရှင်းသန့်ကို ကြည့်လိုက်နဲ့.....

ဖေကြီး မင်းဉာဏ်ကတော့ မပြောရန် ခေါင်းခါ ပြတာကြောင့်.....စကားလမ်းကြောင်းလွှဲတဲ့ အနေနဲ့...

" ဘာဘာ....စိတ်ချော့ပါ..... "

သူ့အား ဖြောင်းဖြနေတဲ့ နောင်တံခွန်လေး.....

" မေးတာ အရင်ဖြေ... "

လေသံမာမာနဲ့ ပြောလိုက်တော့မှ... ငြိမ်ကြသွားသည်..။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now