Ring Ring Ring
ခုံပေါ်တင်ထားသည့် ဖုန်းက vibrateသံကြောင့် ဝေကြည့်လိုက်တော့ ဟန်သာ။
ဖုန်းကို မှောက်ပစ်လိုက်ရင်း ရှေ့က ဆရာ စာသင်နေတာကိုပဲ အာရုံစိုက်ကြည့်နေလိုက်သည်။
အတန်းချိန်ပြီးသွားတော့ စာအုပ်တွေသိမ်းရင်း အခန်းရှေ့ကို ကြည့်လိုက်တော့ ဟန်သာရောက်နေသည်။
၀ရံတာက တိုင်ကို ကျောမှီရင်း ခြေထောက်နှစ်ချောင်းကို ယှက်ကာမတ်တပ်ရပ်ပြီး လက်ပိုက်ပြီး ဝေ့ကို စိုက်ကြည့်နေသည်။
ဝေ မသိချင်ယောင်ဆောင်လိုက်ပြီး ဖုန်းကိုယူကာ FBကြည့်နေလိုက်သည်။
“တောင်”
၀င်လာသည့်Msgကို ကြည့်တော့ ဟန်သာ။
“ခနထွက်ခဲ့”တဲ့။ဝေ ဘာမှပြန်မပြောဘဲ နေလိုက်သည်။ ဘေးက နွယ်က အခန်းရှေ့ကို လှမ်းကြည့်ပြီး
“ဟဲ့ ဝေ၊ ဟန်သာရောက်နေတယ်။ နင့်ဆီလာတာလား”
“မသိဘူး” နွယ့်ကို ပြန်ဖြေလိုက်ရင်း ဖုန်းကိုဘေးချကာ ခုံပေါ်မှောက်အိပ်နေလိုက်သည်။
အခုမှ အသည်းအသန် ဘာတွေ လုပ်နေတယ်မသိ။
သုတမွေးနေ့တုန်းကကျ ဝေ့ကို မသိတဲ့သူ
တစ်ယောက်လို ဆက်ဆံသွားတာများ။ဝေ့ပေါင်ကို ဆွဲဆိတ်ပြီး ဟဲ့ ဟဲ့နဲ့ လုပ်နေသော
နွယ့်ကို စိတ်မရှည်စွာဖြင့် ဝေအော်ထည့်လိုက်သည်။“ဟာ ဘာလဲ နွယ်ရာ ၊ ငါ အိပ်ချင်နေတာ”
အော်ရင်း မော့ကြည့်တော့ သူ့ရှေ့မှာ ဟန်သာ။
မကြည်ကြည့်ဖြင့် ဝေ့ကို လက်ပိုက်ကာ စိုက်ကြည့်နေသည်။ ဝေလဲ ဘုကြည့်ပြန်ကြည့်ပေးလိုက်ပြီး နွယ့်ဘက် လှည့်ပြောလိုက်သည်။
“ငါ ခေါင်းတွေကိုက်နေလို့ နွယ်၊ ခန မှေးလိုက်ဦးမယ်၊ မနှောက်ယှက်နဲ့”
“အဲ့တာ ကိုယ့်ကို ပြောချင်တဲ့စကား မဟုတ်ဘူးလား?”
သူ့ဆီက အသံကြောင့် ဝေလဲ သိရင်ပြီးတာပဲဆိုတဲ့ သဘောနဲ့ မဲ့ပြလိုက်သည်။
“အာ အူယားလာပြီ”ဆိုတဲ့ စကားနဲ့အတူ ဝေ့ခေါင်းကို ဆွဲဖွလိုက်တာကြောင့် “ဟန်သာ”ဆိုပြီး အော်လိုက်မိသည်။

YOU ARE READING
မတူညီသော ဆုံမှတ်များ
Любовные романыမိန်းကလေးတစ်ယောက်ကို တွဲခွင့်ရရုံအတွက်နဲ့ ချစ်တယ်ဆိုတဲ့ စကားကို ပြောဖို့လိုလို့လား။ ချစ်ခြင်းတရားဆိုတာ ကျနော်မယုံကြည်ရဆုံး စာရင်းထဲက နံပါတ်တစ်အရာပဲလေ -ဟန်သာဦး ဝေက ကိုယ်ချစ်ကို မရှာဘူး။ သူချစ်ကိုပဲရှာမှာ။ ကိုယ့်ဘက်ကပဲ ချစ်ရတာ ဘယ်လောက်ပင်ပန်းလဲဆိုတာ သ...