သီချင်းတညည်းညည်းနဲ့ လှေကားပေါ်ကဆင်းလာတဲ့ ပတ်ဂျီမင်
ကျွန်တော်ရောက်နေတာတောင်မြင်ပုံမရ"ဟေ့ကောင်"
"ဟမ် Taehyung မင်း ဘယ်လိုဖြစ်ပြီးဒီကို"
"Min နဲ့အတူလာတာ အလုပ်ကိစ္စဆွေးနွေးစရာရှိလို့တဲ့ ငါတော့အောက်မှာပဲနေခဲ့တာ မင်းကရော မင်းbossနဲ့ပဲလား"
"မဟုတ်ဘူး boss အလုပ်မအားလို့ ငါအစားလာပေးတာ"
"အော်"
"ဒါနဲ့ငါတို့တော့ Australia သွားရတော့မယ်ထင်တယ် ဒီတစ်ခေါက် Business Festival က အဲ့မှာလုပ်မှာတဲ့"
"really ? မထင်ထားဘူး ဂျပန်မှာပဲလို့ထင်နေတာ"
"ငါက Boss ကိုယ်စားသွားရအုံးမယ် သူ့ မိန်းမနဲ့ ခရီးလွန်နေတာ ပြန်မရောက်လောက်သေးဘူး"
boss အပျင်းကြောင့် ဂျီမင်မှာ လက်ထောက်တယောက်လိုပင် အတွင်းမှုးကိုကျ မခိုင်းဘူး စိတ်မချလို့တဲ့ ဘုရားရေ ကျွန်တော်မျိုးပတ်ကြီးကို ကယ်ပါအုံး
"မင်းboss ကတကယ်ပဲ"
"ကဲ အိမ်ရောက်မှဆက်ပြောကြ မတွေ့ရတဲ့လူတွေကျနေတာပဲ"
စကားပြောနေရင်းအနားရောက်လာတဲ့ Minကို ဂျီမင်က မကြည်ကြည့်ရင်းထွက်သွားသည်
"ထယ်ယောင်း သွားမယ်"
ကျွန်တော်လည်းကြောင်အအနဲ့ လိုက်သွားရသည်
.......
"Australia သွားရမှာ သိပြီးလောက်ပေါ့""ဟုတ်"
ဘာကိုစိတ်အလိုမကျဖြစ်နေမှန်းမသိ Minတယောက် စိတ်တိုနေသည်
"သိပြီးရင်လည်း ပြန်တော့ ဒီနေ့ငါလည်းစောစောပြန်မှာ "
"ဟုတ်"
ထွက်သွားမည်အလုပ်
"ခန ပြီးတော့ အာ ဂျီမင်လေ အမ် ဘာမှမဟုတ်တော့ဘူး"
"Haha ဂျီမင်လိုက်မှာပါ Minရဲ့"
လို့ပြောပြီး ထွက်သွားသည်
Min ကတော့မျက်နှာကြီးနီရဲကာ ကျန်ခဲ့သည်
Taehyung က Min ရဲ့ သတ်တော်စောင့်
Min Suga ကိုရီးယားလူမျိုးပေမယ့် မွေးကတည်းကLAမှာနေတာဆိုတော့ Foreign တစ်ယောက်လိုပင်
အသက်ငယ်ငယ်လေးနဲ့ စီးပွားရေးပညာရှင်ဖြစ်ပြီး မိဘတွေကလည်း နိုင်ငံရေးထိပ်ပိုင်းတွေထဲကမို့ အတော်လေးလူရှိန်သည် အပေါင်းအသင်းကသိပ်မရှိ
ဒါမယ့် ကျွန်တော်နဲ့ ဂျီမင်နဲ့ကို သူက Min လို့ပဲခေါ်ခိုင်းသည်