ဟိုပိစိ ရေချိုးမယ်ဆိုပြီးတက်သွားတာအခုထိပြန်ဆင်းမလာသေးတာကြောင့်အပေါ်တက်ကိုလိုက်သွားလိုက်တော့
ဝရံတာမှာ ငေးနေသည်
အနားရောက်သွားတော့မှ ငိုနေမှန်းသိသည်"အာ Jungkook ငါ ညစာမစားတော့ဘူး မင်းပဲစားလိုက်တော့"
မျက်ရည်တွေကိုအမြန်သုတ်ပြီး နီရဲနေတဲ့မျက်နှာလေးနဲ့ပြောလာသူ
"ငိုလိုက်"
"ဟမ်"
"ကိုယ့်ရင်ခွင်ငှားပေးမယ် မင်းစိတ်ကြိုက်ငိုလိုက်"
အလေးအနက်ပြောနေတဲ့သူ ကြောင့်ကျွန်တော်လည်းဟန်မဆောင်ပဲငိုလိုက်တော့
သူ့ရင်ခွင်ထဲဆွဲသွင်းခြင်းကိုခံရလိုက်သည်ပိစိလေးဘယ်လောက်တောင်ဝမ်းနည်းနေလည်းဆိုတော့ အသံထွက်ပြီးတောင်ငိုတဲ့အထိပဲ
ကလေးလေးလို တအင့်အင့် ငိုနေတဲ့ ပိစိလေးကို ကျောလေးပွတ်ပေးရင်းနှစ်သိမ့်ပေးနေမိသည်"သူပြန်ကောင်းလာမှာပါ မဟုတ်ရင်လည်းပြန်ကောင်းလာမယ့်နည်းလမ်းတွေအများကြီးရှိပါတယ် အရမ်းဝမ်းနည်းမနေနဲ့တော့"
"ငါရဲ့မိသားစုပျက်စီးပြီးကတည်းက Jimin နဲ့ Carol က ငါ့ရဲ့မိသားစုလေးပဲဆိုတော့ထပ်ပြီးမဆုံးရှုံးချင်ဘူး ကံကြမ္မာက ငါ့ကိုမှရွှေးပြီးရက်စက်တာလား ဟင်"
ရင်ခွင်ထဲကနေခေါင်းမဖော်သေးဘူး ငိုသံလေးနဲ့ အဲ့လိုလေးပြောတော့ ဒီကကောင်က စိတ်မကောင်းဖြစ်ရသည်
"လာပါညစာသွားစားရအောင်"
"ငါမင်းကိုမေးစရာရှိတယ်"
"စားပြီးရင်ဖြေပေးမယ်"
အဲ့လိုနဲ့မှ ထမင်းစားပွဲကိုရောက်လာသည်
ဟင်းတွေကိုမထိတထိနဲ့စားနေတဲ့သူကိုစိတ်အလိုမကျတော့ဘာ
"အရသာမကောင်းလို့လား"
"ကောင်းပါတယ် ငါဒီတိုင်းစားချင်စိတ်မရှိလို့"
"အာ ဟလေ ခွံကျွေးမလို့"
"တော်ပြီလို့"
"ကင်ထယ်ယောင်း!!"
အဲ့လိုခပ်မာမာအော်လိုက်မှအလိုက်တသိ ခွံကျွေးတာကိုစားသည်