1

4.6K 168 6
                                    

..
.
.
စည်းကားလှသည်ဆိုတဲ့မြို့ကြီးရဲ့အပြင်
၅ဧကလောက်ရှိတဲ့ ခြံဝင်းကြီးတစ်ခုအတွင်း
ပန်းဥယာဉ်ကြီးနဲ့ ခမ်းနားလှတဲ့ရဲတိုက်လိုအိမ်တစ်အိမ်....

ထိုခြံကြီးကို  International Agent Mr.Kim
နဲ့ Spy Mrs.Kim တို့ဇနီးမောင်နှံပိုင်ဆိုင်သည်

သူတို့နှစ်ယောက်က နိုင်ငံရေးရဲ့အဓိကကျတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေပျက်ခြစားမှုတွေကို ဖော်ထုတ်ပြီး နိုင်ငံတကာတရားရုံးကိုတင်ပြနေတဲ့သူတွေပါ အဲ့ဒါကြောင့်ပဲ လူမုန်းများတယ်
အစကလျှို့ဝှက်Agentတြွေဖစ်ပေမယ့် လက်အောက်က သစ္စာဖောက်မှုကြောင့် ရုပ်လုံးပေါ်ခဲ့ရသည်
အကျိုးရလဒ်ကတော့ သူတို့ရဲ့သားဉီးဖြစ်သူ လုပ်ကြံခံရခြင်းဖြစ်သည်
အဲ့အချိန်ကစပြီး ဗန်းပြအနေဖြင့် ကုမ္ပဏီတစ်ခုထောင်ပြီး ကျန်ခဲ့တဲ့သားကို ခြံအကျယ်ထဲ ချုပ်လှောင်ထားခြင်းဖြစ်သည်
သူတို့ရဲ့ မူလအလုပ်ကိုဆက်ပြီးလျှို့ဝှက်လုပ်ဆောင်ရင်းပေါ့ အရင်လိုတော့မဟုတ်
Junior တွေကို အလုပ်သင်ရင်းပေါ့
လျှို့ဝှက်အဖွဲ့တစ်ခုလိုတောင်ဖြစ်နေပြီ

"မေမေ"

"ပြောသားလေး"

"သား တက္ကသိုလ်တတ်လို့ရမလားဟင်"

"အဲ့ကိစ္စကိုမေမေတို့ပြောပြီးပြီလေ သားရယ် အပြင်လောကကြီးကသားအတွက်အရမ်းအန္တရာယ်များတယ်"

"ဒါမယ့်..."

°kim ရုံးချုပ်ကို အခုလာခဲ့ပါ°
နားကျပ်ထဲကအသံကြောင့် သူမသွားမြှဖစ်တော့မည်

"မေမေသွားတော့မယ် ကောင်းကောင်းနေခဲ့နော်"

ဆိုပြီး ခေါင်းလုံးလုံးကိုတစ်ချက်နမ်းကာ ထွက်သွားသည်
ဒါတွေက ထယ်ယောင်းအတွက်ပုံမှန်လိုဖြစ်နေပါပြီ အမေဖြစ်သူတပတ်တစ်ခါလောက်ဖြစ်ဖြစ်အိမ်ပြန်လာပြီး အဖေကတော့ တစ်ခါတစ်ခါထွက်သွားပြီးရင်လနဲ့ချီမြှပန်ရောက်သည်
အခုလည်း အိမ်ကြီးထဲမှာ အိမ်တော်ထိန်းဖြစ်သူရယ် Maid 2ယောက်ရယ် သူရယ် လေးယောက်သာ ကျန်ခဲ့ပြီး တပတ်တာကိုဖြတ်သန်းရအုံးမည်
ခြံထဲမှာတော့ ဥယာဉ်မှူးနဲ့ခြံစောင့် ရှိသည်

ဘာမှလုပ်စရာမရှိတာနဲ့ အခန်းထဲက ဝရံတာမှာ စာဖတ်နေလိုက်သည်
အညိုရောင်အနွေးထည်အပါးလေးကို လက်မောင်းအထိခေါက်တင်ကာ စာကိုစိတ်ဝင်တစားဖတ်နေတုန်း Ting ကနဲမြည်လာတဲ့ noti သံလေးကြောင့်ကြည့်လိုက်တော့ သူ့ရဲ့ Fav person update ပဲ ကားလမ်းမတစ်ခုကို mono color နဲ့ရိုက်ထားတဲ့ပုံလေး

It's Never End...✔️Where stories live. Discover now