8

758 76 0
                                    


"ကျစ် ဖြစ်ပြန်ပြီ"

ရုံးခန်းပြုပြင်နေတာမို့ဂျီမင်တယောက် မနက်ပိုင်းအိမ်မှာအလုပ်လုပ်နေရင်း ဝေဝါးလာတဲ့မျက်လုံးကြောင့် မျက်ကြောကိုနှိပ်ကာ
ဆိုဖာပေါ်တွင်ခနလှဲနေရသည်
အမည်ခံကသာ သက်တော်စောင့်
ဒါမယ့် သူ့Boss က ဒီလောက်နည်းပညာတော်တဲ့မင်းကိုငါ့ဘေးနားမှာထားပြီးအချိန်မဖြုန်းစေချင်ဘူး ဟုဆိုကာ လစာတိုးပေးပြီး
ရုံးထိုင် အစည်းအဝေးတက်လုပ်ရသည်
အချိန်ကြာလာတာနဲ့အမျှ မျက်လုံးတွေ ဝါးဝါးလာသည် မျက်လုံးခွဲစိတ်ဖို့လုပ်ချင်ပေမယ့် bossက ဒီလကုန်ရင် ဒုဥက္ကဌရာထူးတိုးပေးမယ်ဆိုလို့ အချိန်ကုန်လို့မရဘူး

'မြင်နေရတဲ့အထိဆက်လုပ်ရမယ် ဟူး'

"Ji ရေ မနက်စာငါလုပ်ထားတယ် ထယ်ယောင်းပြန်ရောက်ရင်အတူတူစားကြပေါ့ အခုတော့ ငါနဲ့ခနအောက်လိုက်ခဲ့အုံး "

"ဘာလို့တုံး"

မျက်လုံးတောင်မဖွင့်ပဲလှဲရင်းသာဖြေလိုက်သည်

"ငါအလုပ်သွားမှာလေ တံခါးပိတ်ဖို့ပေါ့ အော် ဒုက္ခ"

အသံကျယ်လွန်းတဲ့အကွေးမကို အမြင်ကပ်တာနဲ့​ လိုက်ဖို့ ထလိုက်တဲ့အခါမှာ ရှေ့က carolကိုတောင်ကောင်းကောင်းမမြင်ရတော့ပဲ ခေါင်းတွေတအားကိုက်လာပြီး

"Ji !!! ဘာဖြစ်တာလဲ ဟေ့ကောင် ထူးအုံးလေ"

ရုပ်တရက်လဲကျသွားတဲ့ ji ကြောင့် carolဘာလုပ်ရမှန်းမသိ
ဆေးရုံခေါ်သွားဖို့သာ Ji ကိုကုန်းပိုးရင်းအောက်ဆင်းလာတော့ ထယ်ယောင်းနဲ့တွေ့သည်

"carol ဒါဘာလိုဖြစ်"

"ငါလည်းမသိဘူး ရုပ်တရက်လဲကျသွားတာ"

"ဆေးရုံသွားမယ်မဟုတ်လား"

"အင်း ကားငှားလိုက်မယ်"

ဟိုအကောင်jungkookကလည်းပို့ပြီးပြီးချင်းကိုပြန်သွားတာပဲအစအနတောင်မတွေ့တော့

...........

"ထယ်ယောင်း !!! jiminie ရော ဟင် သူအဆင်ပြေရဲ့လား ဘယ်လိုဖြစ်တာလဲ ဘာဖြစ်တာလဲ"

ဆေးရုံးကိုဝုန်းရုံးသုံးကားရောက်လာတဲ့Min

"စိတ်အေးအေးထားပါအုံး Jimin ကဒီတိုင်း အလုပ်လုပ်တာများပြီး အာရုံကြောထိသွားတာ ဆရာဝန်တွေအခုထိစမ်းသပ်တုန်း"

It's Never End...✔️Where stories live. Discover now