10

764 73 2
                                    

*ဒုတ်*

ပစ္စည်းကျသံခပ်ကျယ်ကျယ်ကြောင့် ထယ်ယောင်းနိုးသွားရသည်
မိုးတောင်မလင်းသေးဘူးထင်တယ်
ဘေးမှာJungkook မရှိတော့
မျက်လုံးကိုပွတ်ပြီးထထိုင်ကာကြည့်လိုက်တော့

"နိုးသွားတာလား sorry ကိုယ်သတိထားလိုက်ရမှာ"

"အစောကြီးဘာလုပ်နေတာလဲ"

အိပ်ချင်မူးတူးနဲ့ပြောတဲ့ ပိစိလေးကအူယားစရာလေး

"caseတစ်ခုပေါ်လာလို့ သွားရမှာ ရက်နည်းနည်းလောက်ကြာမယ်"

"ဟင် ဘယ်နှရက်တောင်..?"

"၁ပတ်၂ပတ်လောက်ပေါ့"

မျက်လုံးလေးပြူးသွားတဲ့ပုံစံလေးကဘာလဲ ကျွန်တော်သွားမှာမို့ အံ့သြသွားတာလား ဝမ်းနည်းသွားတာလား မသိတော့ဘူးဗျာ
ဒါမယ့် အခန်းထဲကထွက်ခါနီးပြောလိုက်တဲ့စကားကြောင့် ဝမ်းသာသွားရသည် အဲ့ဒါကတော့

"Jungkook ...မထိခိုက်စေနဲ့နော်"

"အင်း အတတ်နိုင်ဆုံးမထိခိုက်အောင်လုပ်ပါ့မယ်ဗျ"

ဆိုပြီး နှုတ်ခမ်းသားလွှာကို စုတ်ယူနမ်းလိုက်သည်
ဒီတစ်ခေါက်ပြန်လာရင်တော့ တုံ့ပြန်အနမ်းလေးလိုချင်မိသည်

ထယ်ယောင်းကတော့ပြန်အိပ်ပေမယ့်အိပ်မပျော်ပဲ မိုးလင်းခါနီးကအိပ်ပျော်သွားသဖြင့်
နိုးတာနဲ့ ဆေးရုံတောင်မဝင်ဖြစ်တော့ပဲ အလုပ်တန်းသွားရသည် ကိုယ်တိုင်ကCEOနေရာမှာ ခနဝင်လုပ်နေရတာမို့ နောက်ကျလို့မဖြစ်ပေ
နေ့လည်မှပဲJiminဆီသွားရတော့မည်

...............

လဲလှောင်းနေတဲ့ ကောင်လေးကို တစိမ့်စိမ့်ကြည့်နေရင်း ပြိုကျချင်နေသောမျက်ရည်တို့ကိုထိန်းထားရသည်
Minဆိုတဲ့ကျွန်တော်ကဘယ်သူ့ကြောင့်နဲ့မှဒီလိုမျက်ရည်မကျဖူးဘူးဗျ
ဒီကောင်လေးနဲ့မှပြောင်းလဲလာတဲ့ကိုယ်ကိုကိုယ်တောင်မယုံနိုင်ပါ
ကျွန်တော်တို့စတွေ့တုန်းကဆို သူလေးကတော့ ဒီတိုင်းပြုံးပြလိုက်ပေမယ့် ကျွန်တော်က အဲ့အပြုံးလေးကြောင့် ရင်ဘတ်ထဲမှာရုံးရင်းဆန်ခတ်ဖြစ်သွားရလေသည်
ချစ်တယ်ကလေးငယ် လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေကိုယ်ကတော့ချစ်နေမှာပဲ

It's Never End...✔️Where stories live. Discover now