Without you

83 9 4
                                    

မိုးလင်းတော့ လစ်လပ်နေတဲ့အိပ်ရာကိုသာSingစမ်းမိတယ်
Singနိုးလာတဲ့အထိတောင်သူကမစောင့်နိုင်ဘူးလား
အိပ်ရာပေါ်ကထ ရေမိုးချိုးပြီးအဖော်မဲ့အထီးကျန်ဆန်တဲ့နေ့ရက်တစ်ရက်ကိုစတင်ရတယ်

အားလုံးပြီးတော့ အခန်းထဲဝေ့ဝိုက်ကြည့်တော့စားပွဲပေါ်ကစာလေးတစ်စောင်ကိုတွေ့တယ်

"Sing အစားမှန်မှန်စားနော် မှန်မှန်လည်းအိပ် ဒီထက်ပိုပြီးပြည့်ပြည့်လေးဖြစ်စေချင်တယ် ငါကအမြန်ပြန်လာမှာမို့စောင့်နေပေးမယ်မလား အရမ်းလည်း၀မ်မနည်းပါနဲ့ ငါ့ကိုအမြဲသတိရနေနော် ငါကတော့မင်းကိုအမြဲလွမ်းနေမှာ"

Singရဲ့မျက်ရည်တွေကအတားအဆီးမရှိကျလာခဲ့တယ်
ဒါပေမယ့် Singကပြုံးနေတယ်

သူများမြင်ရင်ရူးတယ်လို့ထင်နိုင်ပေမယ့်လို့ပေါ့

သူအနားမှာရှိမနေဘူးဆိုတဲ့အသိက Singကိုအစားပျက်အအိပ်ပျက်ဖို့လုံလောက်တယ်

ဒါပေမယ့်လည်းလေ Singရဲ့ချစ်သူကပြောတယ် အစားလည်းမှန်အောင်စား အိပ်ရေးလည်းမပျက်စေနဲ့တဲ့
သူ့စကားနားထောင်တဲ့အနေနဲ့ မ၀င်၀င်အောင်စားပေမယ့် အိပ်ပျော်ဖို့တော့ခက်ခဲနေတယ်
ကုတင်ပေါ်မှာအတူတူလှဲအိပ်‌ပြီး စကားတွေပြောခဲ့ဖူးတယ်
TVကြည့်ကြမယ်ဆိုပြီး TVဖွင့်ထားပြီးတော့လည်း နှစ်ယောက်သားစကားများငြင်းခုံကြဖူးတယ်
စားရင်းသောက်ရင်းနဲ့လည်း စကားပြောတာအရှိန်ပါပြီး ၂နာရီ၃နာရီစားမပြီးဖြစ်ခဲ့ဖူးတယ်

ဘယ်နေရာကိုကြည့်မလဲ ကြည့်တဲ့နေရာမှာ အမှတ်တရတွေရှိတယ်။
အမှတ်တရတွေဆိုပြီးချန်ထားခဲ့တာမဟုတ်ပေမယ့် အမှတ်တမဲ့တွေကအမှတ်တရတွေဖြစ်လာတယ်လေ။

ယောင်ချာချာနဲ့တနေ့ပြီးတနေ့ကုန်လွန်သွားခဲ့တယ်။
ကျောင်းတက်တယ်၊စာပဲဖိလုပ်တယ်၊အခုဆိုအချိန်ပိုင်းအလုပ်တွေပါလုပ်တယ်၊မင်းအကြောင်းမတွေးမိအောင်နေပေမယ့် ကံမကောင်းစွာပဲဘာလုပ်လုပ်မင်းပုံရိပ်ကအမြဲပါတယ်။

မင်းထွက်သွားတာ၃လရှိပြီ။
အခုထိကိုယ်မင်းရဲ့အရိပ်အယောင်ကိုတောင်မမြင်ရဘူး။

၆လရှိသွားပြီ။မိုးရာသီတောင်ရောက်နေပြီ Kitရယ်။

၁နှစ်ရှိသွားပြီKit.နွေရာသီရောက်နေပြီ။ကိုယ်မင်းကိုလိမ္မာစွာနဲ့စောင့်နေသေးတယ်။ကိုယ့်ကျောင်းတောင်ပိတ်သွားပြီလေ။

ကိုယ်စောင့်နေသေးတယ်ဆိုတာမင်းသိရဲ့လား

ကိုယ့်ဆီပြန်လာဖို့မင်းသတိမေ့နေတာများလား

ဒီနေ့လည်းအရင်နေ့တွေလိုပဲတစ်ယောက်တည်းအိမ်မှာပဲရှိဖြစ်တယ်
နဂိုကတည်းကလမ်းထွက်ရတာမကြိုက်တဲ့သူမို့ မင်းကိုအိမ်မှာပဲအချိန်ပြည့်စောင့်နေမိတယ်။

အိပ်လိုက် ဖုန်းသုံးလိုက် TVကြည့်လိုက်နဲ့
ခက်လိုက်တာ ဘာပဲလုပ်နေလုပ်နေမင်းကိုပဲမြင်နေရတာပဲ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီလိုနဲ့မနက်ခင်းတစ်ခုမှာSingtoရဲ့အိမ်တံခါးလေးကိုလာပုတ်သံကြားလိုက်ရတယ်။

Singဖွင့်ကြည့်လိုက်တော့ အဝါရောင်ကြောင်‌ပေါက်လေးကိုတွေ့တယ်

"အိုး မင်းလေးကဘယ်ကရောက်လာတာလဲ"
ဒီနားမှာလည်းကြောင်မွေးတဲ့အိမ်တွေမရှိပါဘူး။
ကြောင်လေးကသူ့မျက်နှာကိုမျှော်လင့်ချက်တွေပြည့်နေတဲ့မျက်၀န်းဝါဝါလေးတွေနဲ့စိုက်ကြည့်လာတယ်
မြန်မြန်ကောက်ချီလိုက်ပြီးအိမ်တံခါးကိုဆွဲပိတ်လိုက်တယ်။
ဒီမှာကတိရစ္ဆာန်မွေးခွင့်မပြုဘူးလေ။

ကြောင်ဝါလေးကိုချီရင်းနဲ့ကုတင်ပေါ်ထိုင်လိုက်တယ်။
"မင်းသိလား ငါ့ရဲ့ချစ်သူကလည်းအစကအဖြူရောင်အမွှေးလေးတွေရှိတဲ့ကြောင်လေးတစ်ကောင်လေ သူကငါအိမ်မှာမရှိတော့ရင် လူပုံစံပြောင်းပြီးအိမ်ထဲမှာလျှောက်သွားနေရော"

ကြောင်လေးကလည်းခေါင်းလေးမော့ပြီးနားထောင်နေတယ်

"မင်းနားထောင်နေတာလား ဒါဆိုဆက်ပြောပြမယ် အဲ့လိုနဲ့ပဲသူကချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်မှန်းငါသိသွားတယ်လေ အဲ့လိုနဲ့ငါကသူ့ပုံစံအစစ်ကိုဖော်ထုတ်လိုက်တယ်လေ သူကငါ့ကိုအချိန်တွေအကြာကြီးအဖော်ပြုပေးတယ်"

နောက်ပိုင်းမှာတိမ်၀င်သွားတဲ့အသံလေးကြောင့်ကြောင်ပေါက်လေးကသူ့မျက်နှာလေးကိုမော့ကြည့်ပြီးတချက်အော်တယ်

"မင်းလေးခဏတော့နေပေးမယ်မလား"

"ညောင်..."

"ငါကသူ့ကိုစောင့်နေဦးမှာ ဘယ်နှနှစ်ကြာကြာစောင့်နေဦးမှာ"

❤️.
Momijilay
To be continued 😘

You've reached the end of published parts.

⏰ Last updated: Sep 12, 2021 ⏰

Add this story to your Library to get notified about new parts!

Neko(The cat)Where stories live. Discover now