The Difficulty

85 11 8
                                    

Unicode ver

အိမ်ပြန်ရောက်တဲ့အထိ Kitကဘာမှမပြောလာခဲ့ဘူး။
Sing‌ ဖြေရှင်းချက်တစ်ခုခုကိုကြားချင်တယ်။
ဒါပေမယ့်လည်း သွေးတွေပေပြီးပြဲစုတ်နေပြီဖြစ်တဲ့ အ၀တ်ကိုလည်းလဲပေးရဦးမယ်လေ။
" လာKitအ၀တ်တွေလဲရအောင်လေ "

Singto ရဲ့စကားအဆုံးမှာပဲKitကသူ့ကိုဆွဲဖက်လိုက်တယ်။

"ဟင် Kit ဘာဖြစ်လို့လဲ ဘယ်နားကနာလို့လဲဟင် ငါဘာလုပ်ပေးရမလဲ"

"ဘာမှမဖြစ်ပါဘူး ဒီအတိုင်းလေး..ဒီအတိုင်းလေးပဲခဏလောက်နေလို့ရမလား"

" ငါ့ကိုပြောပါဦး ဘာပြသနာရှိလို့လဲဟင်
ဘာဖြစ်ဖြစ်ပါလေ..ငါ့ဆီကနေထွက်မသွားရရင်ပြီးရော "

"ဟင်းးးSing ငါ "

"မသွားပါနဲ့ "

"ဟင်"

"မသွားပါနဲ့ Kit ငါနဲ့ပဲနေပါ "

" ငါ..ငါအိမ်ပြန်ရမယ် Sing "

" ဘာ..ဘာလို့လဲဟင်..ငါ..ငါနဲ့ပဲနေလို့မရဘူးလား..ဒီနေရာကိုပဲ မင်းအိမ်လို့သတ်မှတ်လို့မရဘူးလား..ငါ..ငါတစ်ယောက်တည်းမနေချင်လို့ပါ"

" နေပါဦးSing ငါပြောတာကိုနားထောင်ပါဦး မငိုပါနဲ့"

မျက်ရည်များစီးကျပြီးတုန်တုန်ယင်ယင်နဲ့စကားတွေပြောနေတဲ့ Singကအသိစိတ်တွေလွတ်နေသလိုပဲ

" ချစ်တယ် "

" ဟင်"

" မင်းကိုချစ်တာမို့ မသွားလို့ရမလား Krist "

ခပ်ကြောင်ကြောင်ဖြစ်သွားတဲ့ Kitနဲ့ ဘာလိုပြန်ဖြေမလဲ စောင့်နေတဲ့Singတို့ကြားမှာအချိန်တွေခဏရပ်တန့်သွားသလိုပဲ

ဘာမှပြန်မဖြေလာတဲ့Kitကြောင့်
Sing ငိုချင်လာတယ်

Sing ချစ်သလောက်သူကမချစ်ဘူးပဲ

Singခင်တွယ်သလောက်လဲသူကမခင်ဘူးပဲ

Singပထမဦးဆုံးချစ်မိသံယောဇဉ်ရှိမိတဲ့သူက Singနဲ့ထပ်တူမကျဘူးပဲ

Kit ကဘာမှပြန်မဖြေတာကြောင့် ဒါကိုကျော်သွားဖို့ပဲဆုံးဖြတ်လိုက်တယ်
မပြောခဲ့ဖူးသလိုပေါ့
ဘာပဲပြောပြော အ၀တ်တွေအရင်လဲသင့်တယ်လေ

Neko(The cat)Where stories live. Discover now