The Mystery

96 12 9
                                    

Unicode ver

တရေးနိုးလာတဲ့Singtoကဘေးနားကအေးစက်နေတဲ့အိပ်ရာလေးကြောင့်ရင်တုန်သွားရတယ်
Kitဘယ်မှာလဲ ဘယ်ရောက်သွားတာလဲ
အိမ်ကိုသူရောက်လာကတည်းကအပြင်ထွက်တယ်ဆိုတာမရှိခဲ့ဘူး
အခုကျမှညကြီးအချိန်မတော်ကိုသူကဘယ်ကိုသွားနေတာလဲ
သူ့အိမ်ကများလာခေါ်သွားတာလဲ
ဟင့်အင်း မဖြစ်ဘူး Kitကငါနဲ့ပဲနေရမှာ
Kitကိုငါ့ဆီကနေခေါ်သွားခွင့်မပေးနိုင်ဘူး
Singtoချက်ချင်းထပြီးတစ်အိမ်လုံးကိုလိုက်ရှာတယ်
မတွေ့တော့အပြင်ကိုထွက်ပြီးလမ်းတလျှောက်ရှာဖို့ထွက်လာခဲ့တယ်

သို့ပေမယ့် တနေရာကနေသူ့ကိုကြည့်နေတဲ့အန္တရာယ်ကိုသူမမြင်ခဲ့ဘူး

ရုတ်တရက်Singtoရဲ့‌‌နောက်ဘက်က‌ နေအေးစိမ့်စိမ့်ခံစားလိုက်ရတယ်

ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့အမှောင်ထဲကမျက်လုံးစိမ်းတို့ကသူ့ကိုစိမ်းစိမ်းဝါးဝါးကြည့်နေခဲ့တယ်

ထိုအရာကသူ့ဆီကိုတန်းတန်းမတ်မတ်လျှောက်လာတော့ Singtoလန့်သွားရတယ်

တဖြည်းဖြည်းနီးလာတာနဲ့အမျှကိုယ်ထည်ကြီးမားတဲ့တောကြောင်ရိုင်းကြီးတကောင်ပုံပေါ်လာတယ်
မာန်ဖီပြီးလက်သည်းတွေတပြင်ပြင်နဲ့ရန်ပြုဖို့ဆိုတာအသေအချာပါပဲ

ထိုအကောင်ကြီးခုန်အုပ်လိုက်တဲ့အခါSingtoကသူ့မျက်လုံးတွေကိုပိတ်လို့နာမည်လေးတစ်ခုကိုရေရွတ်မိတယ်

"Kit မင်းဘယ်မှာလဲ"

အတော်ကြာတဲ့အထိဘယ်လိုထိခိုက်မှုကိုမှမခံစားရတဲ့အခါ မျက်လုံးလေးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်တော့ သူ့ရှေ့မှာရပ်နေတဲ့Kitကိုတွေ့လိုက်ရတယ်

မျက်ရည်တွေနဲ့SingကKitကိုလှမ်းဆွဲပြီးခပ်တင်းတင်းဖက်ထားလိုက်တယ်

"မင်းဘယ်တွေရောက်နေတာလဲ ငါဘယ်လောက်စိတ်ပူနေလဲသိရဲ့လား"

Kitရဲ့ကျောပြင်ကိုခပ်တင်းတင်းဖက်မိတော့ တချက်တွန့်ခနဲဖြစ်သွားတာကြောင့်Singမသင်္ကာလို့သေချာစမ်းကြည့်မိတော့မှ စေးပျစ်ပျစ်သွေးတွေကကျောပြင်တလျှောက်စီးကျနေတယ်

Neko(The cat)Where stories live. Discover now