Kit

129 13 0
                                    

 Unicode ver

Singtoရေချိုးပြီးပြန်လာတော့ ကြောင်လေးက ကုတင်ပေါ်မှာအိပ်နေတာကိုတွေ့လိုက်ရတယ် သူတွေးမိတာက ကြောင်လေးက သူ့ဆီကိုမရောက်လာခင်ကတည်းကပိုင်ရှင်ရှိတာလားလို့

"ဆိုဖာပေါ်မှာတောင်မအိပ်ချင်ဘူးဆိုတော့ ကောင်းကောင်းနေခဲ့ရတာပဲဖြစ်မယ်"

"ဒီလိုကြောင်လေးမျိုးသာ ပျောက်သွားရင် ပိုင်ရှင်ကတော့ နှမြောနေလောက်မှာ"

တစ်ယောက်တည်းပဲပြောနေရင်းနဲ့ အ၀တ်အစားတွေကို ၀တ်လိုက်တယ် သူကုတင်ပေါ်မှာထိုင်တော့ ကြောင်လေးကမျက်လုံးဖွင့်ကြည့်တယ် ခဏနေတော့ ထထိုင်တယ်

ကြောင်လေးက သူ့အနားကပ်လာပြီး မျက်နှာကိုမော့ကြည့်တယ် ‌

"Ooii ငါ့ကိုဘာလို့ကြည့်နေတာလဲ ငါကကြည့်ကောင်းတယ် မဟုတ်လား "

"အင်းးးး မင်းကိုနာမည်ပေးရဦးမယ်"

"Kitty ဆိုရင်ရော မင်းကြိုက်လား Kitty"

"ညောင်......😡"

"ဘာလို့ စိတ်ဆိုးတဲ့လေသံကြီးလဲ မကြိုက်ဘူးလား နေစမ်းပါဦး မင်းကအထီးလားအမလား"

Singtoပြောလိုက်တာနဲ့ကြောင်လေးက သူ့အနားကလှစ်ကနဲကို ထွက်သွားပြီး ဆိုဖာပေါ်သွားထိုင်လေရဲ့

"အားး မင်းကရှက်တယ်ပေါ့ ဘယ်လိုလုပ်မလဲငါကမြင်သွားပြီ အထီးလေးဖြစ်ပြီးအဲ့လောက် ရှက်ရလား"

Singtoပြောလိုက်တာနဲ့ ကြောင်လေးရဲ့ ဒေါသတကြီးအော်သံကို ကြားလိုက်ရတယ် မျက်စိကလည်း စွေပြီးသူ့ကိုကြည့်လာတယ် Singtoကတော့ပြုံးစိစိနဲ့
တကယ်တော့ Singtoအတော်ကလေးကို၀မ်းသာနေမိတယ် အဖော်ရလာတယ်လို့ခံစားရတယ် သူ့စိတ်ထဲမှာကြောင်လေးကိုတိရစ္ဆာန်တစ်ကောင်ဆိုတာထက် လူတစ်ယောက်လို့ပိုမြင်မိတယ်

"မင်းကငါ့ရဲ့သူငယ်ချင်းပဲ ဒီတော့မင်းက kitty မဟုတ်ဘူး မင်းနာမည်က kit ကြိုက်လား kit"

"ညောင်"

"အောင်မယ် ဒါတော့ကြိုက်တယ်ပေါ့"

ကြောင်လေးကထူးဆန်းတာတော့အမှန်ပဲလို့ Singto တေွးမိပေမယ့် ဒါကတစ်မျိုးကောင်းတယ်လေ kitကပိုထူးဆန်းလေသူကအပျင်းပြေလေပေါ့

Neko(The cat)Where stories live. Discover now