The Two

103 10 3
                                    

Unicode ver

Singto နဲ့ပတ်သတ်တဲ့ကိစ္စတွေကလွဲရင် Kitကသူ့ရဲ့ဘ၀အမှန်ကိုအကုန်ပြောပြလိုက်တယ်
Singto ကတော့မျက်လုံးလေး ကလယ်ကလယ်နဲ့ ပြောသမျှကိုသေချာနားထောင်နေရှာတယ်

"ဒါဆို မင်းငါ့ဆီကိုဘယ်လိုရောက်လာတာလဲ"

"အိမ်နဲ့စိတ်ဆိုးလာတာလေ သူတို့ကငါ့ကို ဒီတစ်နှစ်အတွင်းလက်ထပ်စေချင်နေတာ ငါကလက်မထပ်ချင်သေးလို့အိမ်ကနေတိတ်တိတ်ကလေးဆင်းလာတာ"

"အော် မင်းအသက်ကဘယ်လောက်ရှိပြီလဲ"

"ငါက ငယ်ပါသေးတယ် "

"ဟုတ်လား ငါ့ထက်ငယ်လား ဘယ်လောက်ရှိပြီလဲ"

"၁၀၀ကျော်ပဲရှိသေးတယ် "

"ဟမ် ဘယ်လို ဘယ်လောက်ဘယ်လောက် ၁၀၀ဟုတ်လား"

"အေး ဘာလို့လဲ"

"ဘာမှမဖြစ်ပါဘူး အဲ့ဒါဆို မင်းအမေဆို အသက်ဘယ်လောက်ရှိလောက်လဲဟင်"

"အမေက၈၀၀ကျော်လောက်ရှိပြီ ငါကအငယ်ဆုံးပေါ့ အမတစ်ယောက် အကိုတစ်ယောက်ရှိသေးတယ်"

"မင်းဒီနေ့ကစပြီး လူပုံစံပဲနေပါလား ငါကအဖော်လိုနေတာ အိမ်မှာလည်းငါတစ်ယောက်တည်းရှိတာလေ"

Kitကမဖော်ပြနိုင်အောင်ကို ၀မ်းသာသွားခဲ့ရတယ် Singtoရဲ့ပုံစံက လူတွေကိုသိပ်မခင်တက်ဘူး တစ်ယောက်တည်းနေတာကိုနှစ်သက်တဲ့သူ။ဒီလိုလူမျိုးက Kitကိုသူ့အဖော်အနေနဲ့ရှိစေချင်တယ်ဆိုတော့ သူ့ကိုခင်တွယ်နေတယ်ဆိုတဲ့သဘောပေါ့

"အင်း နေမှာပေါ့ ငါလည်းကြောင်လိုနေရတာ အရမ်းပင်ပန်းတယ် တကယ်ပြောတာ"

"ဒါဆိုပြီးရော ဒီနေ့ကစပြီးငါတို့ကသူငယ်ချင်းတွေပဲနော် ငါနဲ့ပဲနေနော် နေမယ်မဟုတ်လား "

"အင်း နေမယ်လေ"

"ငါမင်းကိုKitလို့ပဲဆက်ခေါ်ချင်တယ် ရမလား"

"အင်း ခေါ်လေ ငါကမင်းကိုSingလို့ခေါ်မယ်"

အဲ့နေ့ကစပြီး Singtoရဲ့အိမ်မှာလူတစ်ယောက်ပိုလာတယ်

Kitနဲ့တွေ့ဆုံရတာက သူ့အတွက် ကံကောင်းမှုတစ်ခုပဲလို့ Singကမှတ်ယူထားတယ်
နှစ်ယောက်အတူရှိရတဲ့အခါ လုပ်စရာတွေအရမ်းများတာပဲ
အတူတူ TVကြည့်ကြတယ်
အတူတူစားကြသောက်ကြတယ်
အတူတူစကားပြောရင်းနဲ့ တစ်ခါတစ်ခါထငြင်းရတာကိုကပျော်စရာကောင်းနေပြန်တယ်
အိပ်တော့လည်း ခုတင်ပေါ်မှာအတူတူအိပ်ကြတယ် မအိပ်ခင်အထိလည်းစကားများကြသေးတယ်

Neko(The cat)Where stories live. Discover now