Cat to human

100 14 1
                                    

Unicode ver

Singto နောက်နေ့ အပြင်ကိုအကြာကြီးထွက်လိုက်တယ်
အိမ်ကCCTVနဲ့ဆက်ထားတဲ့ ဖုန်းကိုကြည့်လိုက်တော့ သူအပြင်ထွက်သွားတာနဲ့ လူငယ်လေးတစ်ယောက်ပုံစံပြောင်းသွားတဲ့Kitကိုတေွ့လိုက်ရတယ်
မေးရိုးနည်းနည်းကားပြီး မျက်လုံးလေးတွေလက်နေတဲ့ ကောင်လေးကိုတွေ့လိုက်ရတယ် ပြုံးလိုက်ပြန်ရင်လည်း ပါးချိုင့်လေး နှစ်ဖက်က ခပ်နက်နက်ကလေး ၀င်သွားတယ် အသားလေးကဖြူဖွေးနေပြီးတော့ ကြည်လင်တဲ့အသွင်ကိုဆောင်တယ်

အမှန်တော့ Singto က Kitကိုသိစေချင်တယ် Kit ဘယ်လိုပုံစံဖြစ်ဖြစ်သူလက်ခံနိုင်တယ်ဆိုတာကို

Kitကဘာလဲဆိုတာကိုလည်းသေချာသိချင်တယ် ပြီးတော့Kitသူနဲ့အတူအမြဲတမ်းရှိအောင်ဘယ်လို လုပ်ရမလဲဆိုတာလည်းသိချင်တယ်

ဒါပေမယ့် Singtoကြောက်တာက Kitသူ့အနားကထွက်သွားမှာကိုပေါ့

Kit ကရေသောက်နေတယ် အဲ့ဒါကြောင့်ဟိုတစ်ခါက ရေဘူးကျတာကိုမြင်လိုက်ရတာဖြစ်မယ် ဟိုတစ်ခါကသူ ရုတ်တရက်၀င်သွားတော့ Kitကကြောင်ပုံပြောင်းလိုက်တာဖြစ်မယ် နောက်တော့ Kitအိမ်သာထဲ၀င်သွားတယ်

"သူငါနဲ့နေရတာတော်တော်ပင်ပန်းမှာပဲ"
"အင်းပေါ့လေ သူ့ပုံစံအမှန်ကို ဖုံးကွယ်နေရတာကိုး"

Kit လုပ်စရာအားလုံးပြီးသွားတော့ ဆိုဖာပေါ်မှာထိုင်ပြီး သူ့ခေါင်းသူပုတ်လိုက်တယ်
အဲ့ဒီ့တော့ကြောင်လေးပုံစံပြောင်းသွားတယ်
Singtoလည်းအဓိကအချက်ကိုသိရပြီမို့ အိမ်ကိုအမြန်ပြန်သွားတယ် Kitအတွက်မုန့်တွေလည်းမမေ့လျှော့ပဲနဲ့ပေါ့

၃ရက်လောက်ကြာလာတော့ Singto Kitအကြောင်းကိုတော်တော်လေးသိလာတယ်

Kitကအရမ်းဟန်ဆောင်ကောင်းတယ် သူသာCCTVမတပ်ခဲ့ဘူးဆိုရင်အမှန်အတိုင်းသိဖို့မလွယ်လှဘူး

"ဒီနေ့တော့အချိန်ကျပြီ Kit"
Singtoတိုးတိုးကလေးရေရွတ်လိုက်တယ်
ဒီနေ့Kitကိုအမိဖမ်းဖို့ စဉ်းစားထားတာ
လွဲချော်လို့မဖြစ်ဘူးလေ

လုပ်မယ်ဆိုပေမယ့်လည်း Kitကသူ့အကြောင်း အမှန်တိုင်းသိသွားလို့ ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ ဒါပေမယ့်လည်းKitရဲ့ပုံရိပ်ကိုခိုးခိုးကြည့်နေရတာလည်း အဆင်မပြေလောက်ဘူး

Neko(The cat)Where stories live. Discover now