Neko

102 12 1
                                    

Unicode ver

Kit နဲ့နေလာတာ ၅ရက်လောက်ရှိတဲ့‌အခါမှာ Singtoသိလာခဲ့တာက သူKit မရှိရင်           စိတ်ချမ်းသာနိုင်တော့မှာမဟုတ်ဘူးလို့ပေါ့

Kit ကသူ့ရဲ့နေ့စဉ်ဘ၀မှာရှိရင်သိပ်ကောင်းမှာပဲလို့ မကြာခဏတွေးမိလာတယ် အတူတူရှိနေတာ ၅ရက်ပဲရှိသေးပေမယ့်ပေါ့

Kit ကလည်းမယုံနိုင်အောင်ကို လိမ္မာနေတော့တာ
စားတာသောက်တာငြိမ်ရုံသာမက အပေါ့အလေးသွားချင်ရင်တောင် အိမ်သာမှာသွားတယ် သင်နေစရာကိုမလိုတာ

၅ရက်လုံးမှာလည်း အပြင်ကိုတစ်‌ေခါက်မှမထွက်တဲ့အပြင် အသံတောင်သိပ်မထွက်ဘူး ဒါ့ကြောင့် အခန်းထဲမှာကြောင်ရှိမှန်းတောင် ဘယ်သူ့မှမသိနိုင်ဘူး

သုံးဖို့လိုတာတွေသွား၀ယ်တဲ့အခါမှာလည်း Singtoတို့ Kitကိုမှာလိုက်ရတာအမောပါပဲ

Singto_"ပစ္စည်းတွေကိုမဖွနဲ့နော်
            _တိတ်တိတ်ကလေးနေနော်ကိုယ်ပြန်လာရင်Kitအတွက် မုန့်၀ယ်လာခဲ့မယ်"

သူများကြားရင်တော့ရယ်စရာပေမယ့် Kitကတော့ခေါင်းကလေးငြိမ့်ပြတယ်
ဒီတော့မှ Singtoလည်း ကျေနပ်သွားပြီး
ထွက်သွားတော့တယ်

Singtoထွက်သွားတာနဲ့ Kit ကလူအသွင်ပြောင်းပြီး ရေကိုသောက်တယ်
ကျန်တာတွေအဆင်ပြေပေမယ့် ကြောင်တစ်ကောင်ပံုစံနဲ့ ရေသောက်ရတာကိုမကြိုက်

ဒါ့ကြောင့်Singtoထွက်သွားတိုင်း Kitကပုံစံပြောင်းပြီး ရေကို၀အောင်သောက်ထားရတယ်
Kitတွေးမိတယ် Kitရဲ့ပုံစံအမှန်ကိုSingသိရင် ဘယ်လိုတုန့်ပြန်နိုင်လဲလို့ Kitကိုသူနဲ့မနေခိုင်းတော့မှာအရမ်းကြောက်မိတယ်

Kitအတွေးတွေများနေတုန်းမှာပဲ အခန်းတံခါးက ရုတ်တရက်ပွင့်သွားတယ် Kitရေသောက်နေတုန်းဆိုပေမယ့် သတိရှိစွာပဲ ကိုယ့်ခေါင်းကိုယ်ပုတ်လိုက်တယ်

ကြောင်အသွင်ပြောင်းလိုက်ပေမယ့် ရေသောက်လက်စမလို့ ရေဘူးကတော့ကြမ်းပြင်ပေါ် အကာအရံမဲ့စွာပဲ ပြုတ်ကျသွားခဲ့တယ် အမွှေးတွေရေစိုသွားတာကြောင့် ခုန်ပြီးအနောက်ကိုဆုတ်လိုက်တယ်

အခန်းထဲကိုSingto ၀င်လာတော့ လူအရိပ်တစ်ခုမြင်လိုက်ရတယ် ဒါပေမယ့်ချက်ချင်းပဲ လူအရိပ်နေရာမှာ Kitကိုတွေ့လိုက်ရတယ် ရေဘူး‌ကလဲအဖုံးပွင့်လက်စနဲ့ကြမ်းပြင်ပေါ်မှာကျနေတယ်
အမှန်တော့Singtoက Kitကိုမှာတမ်းချွေနေတာကြောင့် ပိုက်ဆံအိတ်ကျန်ခဲ့တာကို အောက်ထပ်ဆင်းခါနီးမှသတိရလို့ ပြန်လာယူတာပါ ဒါပေမယ့် အခန်းထဲမှာတွေ့မြင်လိုက်ရတာတွေက စဉ်းစားစရာတွေ ဖြစ်ကုန်တယ်

Neko(The cat)Where stories live. Discover now