Meet

117 13 1
                                    

Unicode ver

About kit......

စုန်းလောကမှာ စုန်းဖြူ စုန်းမဲ ဆိုပြီး၂မျိုးရှိတယ် စုန်းမဲလောက က ယုတ်မာမှုတွေ ကောက်ကျစ်မှုတွေနဲ့ရှုပ်ထွေးလေ့ရှိပေမယ့် စုန်းဖြူလောက ကတော့ ကျင့်ကြံလေအကျိုးရှိလေဖြစ်တယ် အဲ့ဒီ့ထဲမှာမှ Kitaren လို့ခေါ်တဲ့ စုန်းဖြူခေါင်းဆောင်မမှာ သားတစ်ယောက်ရှိတယ် သူ့နာမည်ကKrist လို့ခေါ်တယ် သူ့ရဲ့ကျင့်ကြံမှုကမနိမ့်ဘူးလို့ပြောလို့ရတယ်

စုန်းတွေကလူတွေကြားထဲမှာ ရောထွေးနေနိုင်တယ် လူပုံစံ တိရစ္ဆာန်ပုံစံ မျိုးစုံအနေနဲ့နေနိုင်တယ်
လူအဖြစ်ပြောင်းမယ်ဆိုရင်ကျင့်ကြံမှု မြင့်နေရမယ်
စုန်းမဲတွေကလူတွေကိုဒုက္ခပေးတယ် စုန်းဖြူတွေကလူတွေကိုကူညီတက်တယ် အဲ့ဒါကြောင့်သူတို့ကရန်သူတွေ‌အနေနဲ့ရှိနေကြတယ် အထူးသဖြင့်စုန်းမဲတွေက အလစ်၀င်တိုက်ကြလေ့ရှိတယ်

ဒါ့ကြောင့်လည်း Singtoနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့တာပေါ့

Kristက အများအားဖြင့်ကြောင်ဖြူလေးပုံစံပြောင်းနေလေ့ရှိတယ်
ဒါပေမယ့်အဲ့ဒီ့နေ့မှာတော့ ငှက်ဖြူလေးပုံစံနဲ့ လူ့လောကကိုရောက်နေချိန်မှာပဲ စုန်းမဲတွေက ကျီးကန်းတွေပုံစံနဲ့ အလစ်၀င်တိုက်ခိုက်တာကိုခံခဲ့ရတယ် တစ်ယောက်တည်းလာခဲ့တာမို့ အလူးအလဲခံလိုက်ရတယ်

မြေပြင်ပေါ်ကျတဲ့အချိန်မှာကံကောင်းစွာနဲ့ လူတစ်ယောက်ရဲ့ အရှေ့ကိုကျခဲ့တယ် အရှိန်ထိန်းနိုင်ခဲ့လို့သာ အကျမနာတာ
ပိုပြီးကံကောင်းတာက အဲ့ဒီ့လူသားက အကြင်နာတရားရှိစွာနဲ့ သူ့ကိုကယ်ပြီး ကုသပေး ကျွေးမွေးပြုစု‌ေပးခဲ့တယ် သူကအဲ့ဒီ့လူသားနဲ့လေးရက်လောက်ပဲနေခဲ့ပေမယ့် အဲ့ဒီ့လူသားကိုချစ်မိခဲ့တယ် အိမ်ကိုပြန်တော့လည်း သူ့ကိုကြည့်ပြီးမျက်ရည်တွေဝဲနေတဲ့ အဲ့ဒီ့လူသားအနားကို နောက်တစ်ခေါက်ပြန်လာချင်မိတယ်
Singtoလို့ခေါ်တဲ့ အဲ့ဒီ့လူသားအနားကို လူတစ်ယောက်အနေနဲ့ရောက်ဖို့ သူ့ရဲ့ကျင့်ကြံမှုက မနိမ့်ပေမယ့် ပိုပြီးမြင့်လာအောင် ကြိုးစားအားထုတ်ခဲ့တယ် ၄နှစ်အကြာမှာတော့ သူ့ရဲ့ ကျင့်ကြံမှုကအတော်ကလေးကို မြင့်လာခဲ့တယ် လူတွေကြားထဲမှာအလွယ်တကူရောထွေးပြီးနေနိုင်တဲ့အခြေအနေထိရောက်ခဲ့တယ်
ဒါပေမယ့်အကြောတင်းပြီး လူတွေနဲ့သိပ်မဆက်ဆံတဲ့ Singtoအကြောင်းကို သိတာကြောင့် နောက်ဆုံးတော့ ကြောင်လေးအနေနဲ့ပဲသူ့ဆီကိုချဉ်းကပ်ဖို့ ရွေးချယ်လိုက်ရတယ်

Neko(The cat)Where stories live. Discover now