15. Green Umbrella

2.7K 316 20
                                    

Zhan Shan Wei Wang / slow romance

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Zhan Shan Wei Wang / slow romance

Song recommendation - 'I Lay My Love On You' by WESTLIFE

________
zawgyi
________

အဆက်မပြတ်ရွာနေတဲ့မိုးစက်တွေကြား လူတစ်ဦးရှိနေတယ်။ လူတိုင်းကိုယ်စီထီးဆောင်းထားပေမယ့် ထိုသူမှာတော့ မိုးကာလေးတောင်မရှိပါချေ။ မိုးစက်တွေက အငြှိုးကြီးစွာ သူ့တစ်ကိုယ်လုံးကိုရိုက်ခတ်တယ်။ သေသပ်တဲ့ suit လည်း ရေတွေစိုပြီးပုံပျက်ကုန်တယ်။ ဒါတောင်မှ အဲ့ခုံတန်းမှာ မလှုပ်မယက်ထိုင်နေတုန်းပဲ။

“ငါကိုက ကံမကောင်းတာနေပါလိမ့်မယ်”

ကိုယ့်ကိုကိုယ်မှတ်ချက်ပေးပြီး ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။ မိုးစက်တွေက သူ့မျက်နှာပေါ် ဖြိုးဖြိုးဖျောက်ဖျောက်။ အတွေးတွေက လွန်ခဲ့တဲ့နာရီပိုင်းအလိုကိုပြန်တွေးမိတယ်။

“ဘာလို့လဲ…”

ခပ်ဖွဖွမေးလိုက်တဲ့အသံမှာ နာကျင်မှုအနည်းငယ်ရောသွမ်းလျက်။

“ကျွန်မမှာဖြေရှင်းချက်မရှိဘူး ဒီအတိုင်း စိတ်လိုရာလုပ်လိုက်မိတာ”

အမှားလုပ်ထားတာတောင် တည်ငြိမ်နေဆဲသူမက သူ့ရင်ကိုဓားနဲ့မွှန်းနေသလိုပဲ။ စိတ်လိုရာအတိုင်းတဲ့လား။ ၅နှစ်ကြာ အတူရှိခဲ့ချိန်တွေမှမထောက် တခြားယောက်ျားကိုချစ်သွားတယ်တဲ့။ တစ်နေရာစီတောင်မဟုတ်ဘူး။ တစ်အိမ်တည်းနေ၊ တစ်ကုတင်တည်းအိပ်တဲ့ချစ်သူတွေကို ဘယ်လိုစိတ်နဲ့လုပ်ရက်တာလဲ။ ဘယ်လိုသတ္တိနဲ့များ တခြားယောက်ျားကို အိမ်ခေါ်အိပ်တဲ့အထိရဲတင်းရတာလဲ။

သူကပစ်ထားလို့ ဖောက်ပြန်တယ်ဆိုရအောင်လည်း နှစ်ပတ်လည်တိုင်းမှာ သူ့ဘက်က အစစအရာရာ ဖြည့်ဆည်းပေးခဲ့တာပဲမဟုတ်လား။

Dear Spring [One Shot Collection]Where stories live. Discover now