![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Zhan Shan Wei Wang / incest, romance, cousins
[Incest ဆိုတာ သွေးသားတော်စပ်သူချင်း ချစ်ကြိုက်တဲ့ဇာတ်လမ်းပါ။ မကြိုက်ရင်မဖတ်ပါနဲ့။ သတိပေးရဲ့သားနဲ့ဝင်ဖတ်ပြီး စိတ်ကင်ဆာရသွားရင်တော့ ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ။]
__________
unicode
__________"အားကျန့် သူ့ကိုမှတ်မိတယ်မလား ရိပေါ်လေ"
အဖေပြတဲ့ကောင်လေးကို သူလှမ်းကြည့်လိုက်တယ်။ အလယ်တန်းအရွယ် ကောင်လေးမျက်နှာက ကလေးနဲ့မလိုက်အောင်ရုပ်တည်ပြီး မျက်လုံးကလည်း အသက်မပါစွာ ကြမ်းပြင်ကိုစိုက်ကြည့်နေရဲ့။
"ဟုတ် သားမှတ်မိတယ်"
"သူဒီနေ့ကစပြီး အဖေတို့နဲ့နေလိမ့်မယ် သားသူနဲ့အဆင်ပြေပြေနေနိုင်တယ်မလား"
ရှောင်းကျန့် အဖေဖြစ်သူကိုခေါင်းငြိမ့်ပြလိုက်ရင်း။
"နေနိုင်တာပေါ့ သားရဲ့ညီလေးပဲလေ"
ရိပေါ်ဆိုတာ သူကလေးအရွယ်တုန်းက မိသားစုနှစ်ခုဆုံတိုင်း အဒေါ့်လက်ပေါ်အမြဲအိပ်နေတဲ့ တစ်နှစ်အရွယ်လေးပေါ့။ နှစ်နည်းနည်းကြာလာတဲ့အခါကျ စားပွဲဝိုင်းမှာ ခပ်တည်တည်နဲ့ သူ့မုန့်သူစားနေတဲ့ကလေးပေါက်စ။ နောက်နည်းနည်းကြာတော့ ဖုန်းတစ်လုံးနဲ့ဂိမ်းဆော့နေတဲ့ ချာတိတ်လေးတစ်ယောက်။
ခဏခဏအကြည့်ဆုံပေမယ့် စကားမပြောဖူးဘူး။ သူကိုယ်တိုင်က မိတ်ဖွဲ့တာမျိုးမလုပ်တတ်တဲ့အပြင် ရိပေါ်ကလည်း အရမ်းစကားနည်းတယ်။ ဒါပေမယ့် အဲ့လိုစကားတစ်ခါမှမပြောဖူးတဲ့ ဝမ်းကွဲညီလေးက ကိုယ့်ရဲ့တရားဝင်ညီလေးဖြစ်ဖို့ ကံဆက်လာတယ်လေ။ အကြောင်းရင်းကတော့ စိတ်မကောင်းစရာပါ။

YOU ARE READING
Dear Spring [One Shot Collection]
FanfictionCollection of BJYX, ZSWW, LSFY one shot stories Written with love and effort, Tianyi