![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Zhan Shan Wei Wang / (erotic) romance (rated-M)
[1980 Taiwan AU]
_________
Unicode
_________စားသောက်ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ကြားဖူးနေကျသီချင်းသံက ငြိမ့်ညောင်းစွာကြိုဆိုတယ်။ Reception အနားသွားပြီးမျက်နှာပြလိုက်ချိန် သဘောပေါက်လွယ်တဲ့အမျိုးသမီးက waiter တစ်ဦးကို လက်ဖျောက်တီးခေါ်လိုက်ရဲ့။ အနားရောက်လာတဲ့ Waiter လေးက သူ့အနောက်လိုက်ခဲ့ပါရန် တရိုတသေအချက်ပြတယ်။
“အထဲမှာလူကြီးမင်းရဲ့မိတ်ဆွေစောင့်နေပါတယ်”
“ကျေးဇူး”
တာဝန်ပြီးသွားတဲ့ Waiter လေးက စားသောက်ဆိုင်တန်းဘက်ပြန်ထွက်သွားတယ်။ သူကတော့ ရှေ့တည့်တည့်ကလက်ကိုင်ဘုကိုကိုင်ရင်း သီးသန့်စားသောက်ခန်းထဲဝင်ခဲ့ရဲ့။
“ရောက်ပြီလား ရိပေါ်”
“နောက်ကျမှာစိုးလို့ကြိုထွက်လာတာကို ဦးလေးကစောရောက်နေတာပဲ”
“အချိန်မှားလာမိတာပါကွာ”
ကုတ်အင်္ကျီကိုတိုင်မှာချိတ်ပြီးဝင်ထိုင်လိုက်ဟန်က လူကြီးလူကောင်းဆန်လှစွာ။ မျက်နှာချင်းဆိုင်မှ သက်လတ်ပိုင်းလူကြီးက လူငယ်လေးရဲ့အပြုအမူတွေကို ခပ်သဲ့သဲ့ကြည့်ရင်းကျေနပ်အပြုံးပြုံးရဲ့။
“မင်းတောင်ဒီအရွယ်ကြီးရောက်လာပြီပဲ အချိန်တွေကုန်တာမြန်လိုက်တာ”
“ဦးလေးကလည်း… ကျွန်တော်အခုမှ၂၃နှစ်ပဲရှိပါသေးတယ်”
ဦးလေးဖြစ်သူစကားကိုနှုတ်ခမ်းတွန့်ပြတဲ့လူငယ်။ အတွင်းစိတ်က ကလေးဆန်ပြီးနှစ်လိုဖွယ်ရှိပေမယ့် ဖြောင့်စင်းထင်ရှားတဲ့မေးရိုးအလှက ကလေးမဟုတ်တော့ကြောင်းခေါင်းခါပြနေသလို။

YOU ARE READING
Dear Spring [One Shot Collection]
Fiksi PenggemarCollection of BJYX, ZSWW, LSFY one shot stories Written with love and effort, Tianyi