4. Imbalanced Confession

3.1K 358 12
                                    

Bo Jun Yi Xiao / fluffy-romance, school life, senior and junior

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Bo Jun Yi Xiao / fluffy-romance, school life, senior and junior

_________
unicode
_________

“သားကြီးလာရင် ကောကိုလက်ထပ်မှာ”

ဆံပင်လုံးလုံးနဲ့ ၁၀နှစ်အရွယ်ကောင်လေးက သူ့ထက်အရပ်မြင့်တဲ့ကောင်လေးကိုပြောတယ်။ လက်ထဲမှာလည်း စကိတ်ဘုတ်အသေးလေးပိုက်လို့။ တစ်ဖက်က ၁၆နှစ်လူပျိုလေးမှာ ရှက်ရမလိုရယ်ရမလို။

“လက်ထပ်တယ်ဆိုတာ ဘာလဲသိလို့လား ချာတိတ်ရဲ့”

လူပျိုလေးက ဆောင့်ကြောင့်ထိုင်ပြီး ခေါင်းလုံးလေးကိုပွတ်သပ်မေးလိုက်တယ်။ ကလေးလေးက ဖောင်းပြီးသားပါးအိအိတွေကို ပိုဖောင်းအောင်စူပုတ်ပြရင်း။

“သိတယ်! လူနှစ်ယောက်အရမ်းချစ်ရင် လက်ထပ်ကြတယ်လို့ မာမားပြောပြဖူးတယ် သားကလည်း ကောကိုချစ်လို့လက်ထပ်မှာ”

“အိုက်ယာ~ မင်းပြောရမယ့်လူမှားနေပြီ အဲဒါမိန်းကလေးတွေကိုပြောရမှာ”

“ဟင့်အင်း! သားက မိန်းကလေးတွေချစ်ဘူး ကောကိုပဲချစ်တာ ကောကိုပဲလက်ထပ်မှာ!”

ဇွဲကောင်းလွန်းတဲ့ကလေးလေးကို အစ်ကိုကြီးကတစ်ချက်ပြုံးပြရင်း ပါးဖောင်းလေးကိုခပ်ဖွဖွညှစ်တယ်။ ကလေးလေးက အစ်ကိုကြီးကိုပဲ မျက်တောင်မခတ်ငေးကြည့်ဆဲ။

ချက်ကျလက်ကျပြောနေပုံက တကယ့်လူကြီးလေးလိုပဲ။ ဘယ်သူမြှောက်ပေးလိုက်လဲမသိပေမယ့် ပြောရဲတဲ့သတ္တိကတော့ လေးစားဖို့ကောင်းတယ်။ အလယ်တန်းအောင်လက်မှတ်ယူတဲ့နေ့မှာ ကျောင်းသူတစ်ယောက်ယောက်ကများ ချစ်ခွင့်ပန်မလားတွေးခဲ့တာ။ တကယ်ဖွင့်ပြောခံရတော့ မူလတန်းကျောင်းသားလေးဆီကတဲ့။ ရင်ခုန်ရမယ့်အစား အသည်းယားမိပါရဲ့။

Dear Spring [One Shot Collection]Where stories live. Discover now