ချစ်ခြင်းတရားက သိပ်လှပတယ် ၊ ချစ်ရသူနဲ့အတူရှိတဲ့ အချိန်တိုင်းကပျော်စရာ အတိ ။
နွေးထွေးလှတဲ့ရင်ခွင်တစ်ခုရဲ့ ထွေးပွေ့ခြင်းခံထားရတာမလို့ ခန့်ဝေယံကို မနက်နိုးလာချိန်တိုင်းမှာ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကြောင့် ကြည်ကြည်လင်လင်ပင် ။
"ကိုကိုနိုးပြီလား"
ခေါင်းအထက်နားဆီမှ ထွက်လာသော လေသံအေးအေးလေးကြောင့် သူမော့ကြည့်လျက်
"မိန်း စောနိုးနေတာလား"
"ကျွန်တော်လည်း အခုမှနိုးတာပါဗျာ"
စိုင်းခွန်မိန်း ချစ်ရသူရဲ့နဖူးလေးထက် အနမ်းဖွဖွပေးလျက် စကားဆိုတော့ ၊ အိပ်ရာထခါစကို အနမ်းခံလိုက်ရတာကြောင့် အနည်းငယ် စူပုတ်ပုတ်လေးဖြစ်သွားလျက် သူ့ရင်ခွင်ထဲမျက်နှာ ဖွက်လာသည် ။
"ဘာဖြစ်လို့လဲ"
"မျက်နှာမသစ်ရသေးဘူးလေ"
"အင်း အဒါဆိုသစ်ပြီးရင် ထပ်နမ်းမယ်"
"မဟုတ်ဘူးလေ ကိုယ်ပြောတာက"
ရန်စွာတော့မယ့်အသံလေးသည် စိုင်းခွန်မိန်းကခေါင်းလုံးလုံးလေးအားထပ်မွှေးလိုက်တာကြောင့် အသံတိတ်သွားသည် ။
"ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်ကသဘောကျနေလို့ ဘယ်လိုလုပ်ရပါ့မလဲ"
"မင်း!"
"ချစ်လိုက်တာဗျာ"
"ဟာ"
"မျက်နှာမသစ်ရသေးလည်း သဘောကျတယ် ၊ မျက်နှာသစ်ပြီးလည်း သဘောကျတယ်"
"တော်တော့"
"မတော်ချင်ပါဘူး ပြောမှာပဲ"
"ထတော့ ကိုယ်ဗိုက်ဆာပြီ"
"ကျွန်တော် မျက်နှာသစ်ပေးရမလား"
ပိုတိုးဖက်ကာ လွတ်မပေးဘဲဆိုလာသည်ကြောင့် ခန့်ဝေယံကို ပြန်တွန်းဖယ်ကာ
"စ မနေတော့နဲ့ ထတော့"
"တကယ်သစ်ပေးချင်လို့ပါ"
"မိန်းရေ ထရအောင်လို့ဆို"
"မျက်နှာသစ်ပေးချင်လို့"
YOU ARE READING
🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)
Romanceအချစ်ဆိုတာ တစ်သက်လုံးနေလာတဲ့ cool guy type ကြီးကနေ ခဏချင်း cute boy typeကိုပြောင်းသွားစေတာမျိုး