Part - 30

12.7K 918 12
                                    

ဒီနေ့လည်း အရင်နေ့တွေကလို​ပဲ SKလုပ်ငန်းစုမှာ ခန့်ဝေယံကိုက ဦးမျိုးသန့်သင်ပြပြောဆိုသော လုပ်ငန်းအကြောင်းကို အာရုံစိုက်နားထောင်နေသည် ။

ဘေးဘက်တွင်သော အသံတိတ် ဓားတစ်ချောင်းပန်းသီးတစ်လုံးနှင့် အလုပ်များနေသော စိုင်းခွန်မိန်းရှိသည် ။

ပန်းသီးနဲ့ဓားနဲ့ထိတွေ့နေပုံက သိပ်တော့အဆင်ပြေမနေ ၊ သူသုံးတဲ့ဓားက လူကိုသာထိုးဖို့လို့တွေးထားတာကို အခုလို အသီးအား အနုစိတ်အသေအချာလှီးရလိမ့်မယ်ဟု တစ်ခါမှပင်မတွေးခဲ့ဘူး ။

ဒီပန်းသီးက ကံကောင်းလို့ သူနဲ့တွေ့တာ။

ပါးစပ်ရှေ့ရောက်လာသော ပန်းသီးစိတ်လေးကြောင့် ခန့်ဝေယံကိုမှာ အမြန်ယူလိုက်ရသည် ။ တော်သေးသည် ဦးမျိုးသန့်က စကားပြောနေပေမယ့် မော့မကြည့်လာလို့။

ခန့်ဝေယံကိုက ထိုသို့တွေးကာ သက်ပြင်းချလိုက်ပေမယ့် သူ့အားစိုက်ကြည့်နေသလိုခံစားလိုက်ရတာကြောင့် ကြည့်လိုက်တော့၊ အမှန်တကယ်ပင် စိုင်းခွန်မိန်းက သူ့အား အလိုမကျစွာကြည့်နေသည်။

ခန့်ဝေယံကိုက ဘာကြောင့်လဲမသိတာကြောင့် ပန်းသီးစိတ်လေးအား စားနေရင်းပင် ခေါင်းလေးစောင်းလျက်မေးသလို​လေးလုပ်တော့ နောက်ထပ်ပန်းသီးစိတ်တစ်ခုအား ပါးစပ်နားတိုးပေးလာသည်။

ခန့်ဝေယံကိုက အစောကလိုပဲ လက်နဲ့ယူလိုက်ပေမယ့် စိုင်းခွန်မိန်းက ချက်ချင်းရှောင်လိုက်ကာ မျက်စောင်းထိုးကြည့်လာသည် ။

ခန့်ဝေယံကိုက "ဘာလဲ" ဟုသဘောဖြင့် မျက်ခုံးပင့်ပြတော့ တစ်ဖန်ပန်းသီးစိတ်က နှုတ်ခမ်းနားရောက်လာပြန်သည် ။ ခန့်ဝေယံကိုသဘောပေါက်ကာ ပါးစပ်ဟလျက်ယူ စားပေးလိုက်တော့မှ ပြုံးပြကာ ပြန်လှည့်သွားသည်။

ဒီကောင်လေးဟာလေ။

ထိုသို့နှင့် အချိန်အားဖြင့် ညနေ ၄နာရီပင်ရှိတော့မည်မလို့ ဦးမျိုးသန့်နဲ့ ခန့်ဝေယံကိုက ပြောလက်စ စကားတို့ကို လက်စသတ်လိုက်ကြသည်။

"မောင်ခန့်က ထင်ထားတာထက် အများကြီးပိုတော်သလို မြန်မြန်သင်ယူနိုင်တာ အန်ကယ်တကယ်ချီးကျူးပါတယ်ကွာ"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Opowieści tętniące życiem. Odkryj je teraz