Part - 7

17.3K 1.4K 45
                                    

Alphard အဖြူရောင်လေး 25 cake & caffee house ဆိုင်ရှေ့ရပ်လိုက်တာနဲ့ စိုင်းခွန်မိန်းနဲ့ ဖြိုးထက်အောင်ကအပြိုင်ပြေးဆင်းသွားကြသည် ။

ကားမောင်းတဲ့သူနေရာမှာ ကျန်ခဲတဲ့အဂ္ဂပိုင်ကတော့ သူကားအရှိန်သပ်ပြီးရပ်ရုံရှိသေး ဆင်းသွားကြတာမလို့ စောစောစီးစီးဆဲလိုက်ရသည် ။

အဒီငါလူးကောင်တွေက နှာထချင်တာနဲ့ ငါ့အမှတ်မရကြတော့ဘူး ။

စိုင်းခွန်မိန်းဆိုင်ထဲရောက်တော့ သူ့ရဲ့နှလုံးသားအရှင်သခင်လေးက ပစ္စည်းတွေကိုအခန်းထဲကအပြင်ထုတ်ရင်း စစ်နေတာထင်ပါရဲ့ လက်ညှိုးလေးကဟိုထိုးဒီထိုး ။

အဖြူရောင်shirtလက်တိုလေးပေါ် နက်ပြာရောင် shirt လက်ရှည်လေးထပ်ဝတ်ထားပြီး ၊ ထူးထူးခြားခြား ဆံပင်လေးတွေကဖွာနေတာကြောင့် ခေါင်းလျှော်ပြီးဘာမှမလုပ်ထားရသေးပဲ​ပုံဝဲကျနေသည် ။

"ကိုကို"

သူခေါ်လိုက်တော့ ဝမ်းသာအားရနဲ့လှည့်ကြည့်ကာ ပြုံးပြလာသည် ။

"မိန်းရောက်ပြီပဲ"

"ကိုကိုစောင့်လိုက်ရသေးလား"

"ဟင့်အင် မနက်ကမိန်းကို ကိုယ်နှိုးတာစောသွားလားလို့တွေးနေတာ အိပ်ရေးရောဝရဲ့လား"

"ကိုကိုသာနှိုးရင် ကျွန်တော်ကဘယ်အချိန်ဖြစ်ဖြစ်ချက်ချင်းထပါတယ်"

"အာ"

စိုင်းခွမ်မိန်းသူ့အင်္ကျီကိုသူပြန်ကြည့်ကာ ပြုံးလိုက်သည် ။ ဒီနေ့သူဝတ်လာတာ ကိုကိုနဲ့အရောင်တူနေတာပဲ ၊ ဒီတစ်ခါတော့မာသားကြီးကိုကျေးဇူးတင်သွားပြီ ၊ အပေါ်ကနက်ပြာshirtလက်ရှည်ကို သူကအနက်shirtခံဝတ်မလို့လုပ်တာ မားသားကြီး​က အဖြူနဲ့ပိုလိုက်တယ်ပြောလို့ဝတ်လာလိုက်တာ လုံးဝကွက်တိ ။

မတူတာဆိုလို ကိုကိုက ဂျင်းအပြာအ​ဖျော့ရောင်ဘောင်းဘီရှည်ဖြစ်ပြီး သူက ခဲရောင် short pan ဝတ်ထားတာပဲ ။

စိုင်းခွန်မိန်းအကြည့်နဲ့အပြုံးကြောင့် ခန့်ဝေယံကို ကိုယ့်ကိုကိုယ်တစ်လှည့် ၊ စိုင်းခွန်မိန်းကိုတစ်လှည့်ကြည့်ကာ သဘောပေါက်သွားပြီး မျက်ဝန်းလေးတွေက အံ့သြသွားသယောင်ဖြစ်သွားသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Donde viven las historias. Descúbrelo ahora