လက်ထဲမှ ဖန်ပုလင်းလေးကို တကြည့်ကြည့်လုပ်ကာ အိမ်ထဲဝင်လာသောသူ ၊ အခြားသူ သတိမထားမလောက်ပေမယ့် သေချာအကြောင်းသိတဲ့သူ၏မိခင်ဖြစ်သူတစ်ဦးသာ ထိုသူလေးစိတ်ဆိုးနေတာကိုသိလိုက်သည် ။
မသိမသာဆူနေသောနှုတ်ခမ်းလေးရယ် ၊ နှမျောတသသဖြစ်နေသော မျက်ဝန်းလေးတွေရယ် ၊ ဆောင့်ဆောင့်အောင့်အောင့်လျှောက်လာတဲ့ခြေလှမ်းလေးရယ် ။
"ဘာဖြစ်လာတာလဲ ခန့်လေး"
ဆီးကြိုမေးလာသော မိခင်ဖြစ်သူကိုမြင်တော့ နှုတ်ခမ်းလေးကပိုဆူသွားကာ ။
"ဒီမှာ သားပုလင်းလေး အခုမှဝယ်လာတာကိုအရာထင်သွားပြီ"
ကလေးငယ်တစ်ယောက်လို ပုလင်းလေးထောင်ပြကာတိုင်နေတဲ့ သားဖြစ်သူကိုကြည့်ရင်း သူမသဘောကျစွာရယ်လိုက်သည် ။ ထို့နောက်လက်ကလေးမြှောက်လိုက်တော့ အလိုက်တသိခေါင်းလေးငုံ့ပေးလာသည် ။
သူမ သားဖြစ်သူဆံသားပျော့အိအိလေးတွေ့အား ထိုးဖွလိုက်ပြီး
"မေ့မေ့ သားလေးက ၂၈နှစ်ပြည့်ပြီးတာရောဟုတ်ရဲ့လားကွယ် ၊ လူကြီးအယောင်ဆောင် ၂နှစ်သားလေးများလား"
"မသိဘူး သားကကလေးပဲ"
ဟုတ်ပါသည် ခန့်ဝေယံကိုဆိုတဲ့သူမရဲ့ တစ်ဦးတည်းသားလေးက သူမအတွက်တော့ အမြဲတမ်းအတွက် ကလေးငယ်လေးပါပဲ ။
အခုလိုကလေးဆန်ပြီး ချစ်စရာအမူကောင်းတဲ့အပြူအမူလေးတွေကလည်း သူမတစ်ယောက်ကိုသာထုတ်ပြတတ်သည် မဟုတ်လား ။ အခြားသူတွေနဲ့ဆို အေးဆေးတည်ငြိမ်နေတတ်သူသာ ။
"အချွဲလေးလုပ်ပြနေတော့တာပဲ ၊ ပြောပါဦးဘယ်လိုဖြစ်လို့ ပုလင်းလေးကအရာသွားရတာလဲ"
"အဒီသူက သူ့ဘာသူဖုန်းကြည့်လမ်းလျှောက်လာပြီး သားကိုအားကြီးနဲ့ဝင်တိုက်တာ"
"ဟယ် သားခိုက်မိသွားသေးလား"
"သားကခိုက်မိပါဘူး ပုလင်းလေးပဲထိသွားတာ"
"တစ်ဖက်ကို ရန်တော့မလုပ်ခဲ့ဘူးလား ခန့်လေး"
"လုပ်ပါဘူး မေမေကလည်း ရန်လုပ်ရအောင် သွင်မင်းနဲ့မြတ်နိုးမှ မဟုတ်တာ"
ŞİMDİ OKUDUĞUN
🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)
Romantizmအချစ်ဆိုတာ တစ်သက်လုံးနေလာတဲ့ cool guy type ကြီးကနေ ခဏချင်း cute boy typeကိုပြောင်းသွားစေတာမျိုး