တစ်မနက်ခင်းလုံး မျက်နှာချင်းမဆိုင်ဘဲရှောင်ပြေးနေတဲ့ ချစ်ရသူကြောင့် စိုင်းခွန်မိန်းမှာ ရယ်ရခက်ငိုရခက်ဖြစ်နေရသည် ။
နည်းနည်းလေးအဆင့်တတ်မိတာတောင် အခုလိုဖြစ်နေရင် အဆုံးထိသွားတဲ့အချိန်ကျရင် ထွက်များပြေးသွားမလားမသိ ။
မေမေပြန်လာမည်ဆိုသောကြောင့် ဆိုင်မသွားဘဲစောင့်နေသော်လည်း ခန့်ဝေယံကိုမှာ စိုင်းခွန်မိန်းနဲ့ မျက်နှာချင်းမဆိုင်မိအောင် ပတ်ပြေးနေမိသည် ။ ညကအကြောင်းခေါင်းထဲရောက်လာတိုင်း တစ်ကိုယ်လုံးပူထူလာတာ ကိုယ့်ကိုကိုယ်ပင်ပြန်လန့်လာရသည်အထိဖြစ်နေသည် ။
သူ့စိတ်ကိုသူပြင်ဆင်ထားခဲ့ပေမယ့် တကယ်တမ်းကြုံလိုက်ချိန်မှာ ရူးတော့မလိုခံစားချက်ကြောင့် ရှက်စိတ်တိုးကာ ဘာကိုမှမတုန့်ပြန်တတ်သလို စိုင်းခွန်မိန်းအားမျက်နှာချင်ပင်မဆိုင်ရဲတော့ ။
အခုလည်းမနက်စာစားဖို့ပြင်နေတာဖြစ်ပေမယ့် အတူထိုင်စားဖို့ကို သူ့မှာစားရဲပါ့မလားတွေးနေမိသည် ။
"ကိုကို"
ကြက်ဥချောင်းကြော်နေရင်း အတွေးလွန်နေတုန်း နား နားဆီမှာအသံကြောင့် ကိုယ်လေးတုန်သွားရကာ
"ဟမ် အာ အင်း မ မနက်စာစားရအောင်လေ"
"တစ်မနက်လုံးပတ်ပြေးပြီးရှောင်နေတာ မမောဘူးလားကိုကို"
"ကိုယ်က ဘာ ဘာကို"
"တူးတော့မယ်"
"ဘာကိုတူး အာ အင်း"
အရှက်သည်းနေတဲ့ပုံလေးကတောင် အူယားဖို့ကောင်းနေတာတော့ မလွန်ဘူးလားဗျာ ။
စာပွဲမှာထိုင်စောင့်ရင်းနဲ့ ချစ်ရသူကျောပြင်လေးအားငေးကြည့်ရင်း ချစ်တဲ့စိတ်တွေကတစ်စထက်တစ်စပိုတိုးလာရသည် ။
ရာသီဥတုသိပ်မအေးပါဘဲနှင့် ဆွယ်တာ အဝါဖျော့ရောင် လည်ပင်းအပိတ်အင်္ကျီလက်ရှည်ကို ဝတ်ထားတာက သူ့ရဲ့အချစ်အမှတ်အသားတွေကို ဖုံးကွယ်ဖို့သက်သက်ဖြစ်မည် ။
ကိုကိုကစိတ်ပုတ်တာပဲ အဒီလောက်လှတဲ့ အလှတရားတွေကို ကွယ်ပစ်တယ်။
BẠN ĐANG ĐỌC
🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)
Lãng mạnအချစ်ဆိုတာ တစ်သက်လုံးနေလာတဲ့ cool guy type ကြီးကနေ ခဏချင်း cute boy typeကိုပြောင်းသွားစေတာမျိုး