Part - 9

16.8K 1.3K 67
                                    

"ဆုံဆည်းရာ" မိဘမဲ့ဂေဟာကအပြန် ကားလေးသည် အလာတုန်းကနဲ့ကွာခြားလှစွာ တိတ်ဆိတ်လွန်းနေသည် ။

သွင်မင်းကမောင်းသူနေရာမှာရှိ​​နေပြီး အဂ္ဂပိုင်ကဘေးခုံမှာ အိပ်ပျော်နေလေပြီ ၊ ထိုနည်းတူ အလယ်ခုံက ဖြိုးထက်အောင်နဲ့ မြတ်နိုးကလည်းအိပ်နေကြသည် ။

နောက်ဆုံးခုံတွင်တော့ လက်အချင်းချင်းကို မသိမသာပွတ်ချေရင်း တစ်ဖက်ကိုခေါင်းအတင်းလှည့်တားတဲ့ ကောင်လေးအား ၊ ဘေးဘက်ကိုမှီ၍ အားရပါးရထိုင်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ရှိသည် ။

ပြဿနာပါပဲ ချစ်တယ်ပဲပြောရသေးတာကို ကိုကိုကအကြည့်ချင်းကိုမဆုံတော့ဘူး ၊ အသဲယားလွန်းလို့ ရင်ခွင်ထဲဆွဲဖျစ်ညစ်ပြီး အတင်းဖိကပ်နမ်းပစ်ချင်တော့တာပဲ ။

"ကိုကို ရေဗူးရော"

"အိတ် အိတ်ထဲပြန်ထည့်ထားတယ်"

ခေါင်းညောင်းနေမည်စိုး၍ စိတ်ပြောင်းပေးဖို့ရည်ရွယ်ပေမယ့် လှည့်ပင်ကြည့်မလာခဲ့ ။

"မတွေ့ဘူးရော"

အလိုမကျဟန်အသံလေးနဲ့ပြောတော့ လှည့်လာပြီး ရှာပေးလာသည် ၊ သို့သော်အကြည့်ချင်းမဆုံလာသေး ။

"ကိုကို"

"အင်း"

"ကျွန်တော့်ကိုကြည့်"

"ဘာ ဘာလို့လဲ"

"ကြည့်ပါဆို"

စိုင်းခွန်မိန်းရဲ့ မကြည်သလိုလေသံလေးကြောင့် ခန့်ဝေယံကိုမရဲတရဲလေး မော့ကြည့်မိသည် ။ သူအေးဆေးတည်ငြိမ်သလို နေနေပေမယ့် အဒီကောင်လေးရဲ့စူးရှရှအကြည့်တွေကို ရင်မဆိုင်ရဲ​သေး ။

"ကျွန်တော့်ကို လစ်လျူရှုနေတာလား"

"မဟုတ်တာ"

"ကိုကိုက စကားလည်းမပြောဘူးလေ"

"ပြောပါတယ် ကိုယ်က အဒါက..."

ပြောဖို့စကားရှာမရဖြစ်နေတဲ့ ခန့်ဝေယံကိုပုံစံကြောင့် စိုင်းခွန်မိန်းက သက်ပြင်းတိုးတိုးချကာ ၊ အချင်းချင်းဖိချေနေသော လက်ကလေးတွေပေါ်ထပ်ကိုင်လိုက်လျက်

"ကျွန်တော့်ကို မုန်းလား"

"ဟင်"

"ကျွန်တော်ကို မုန်းသွားပြီလားလို့"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Donde viven las historias. Descúbrelo ahora