Part - 25

13.1K 1K 18
                                    

ဖြိုးထက်အောင်နဲ့အဂ္ဂပိုင်ပြောသော "အကိုခန့်မဖြစ်ဘူးနော်" ဆိုတဲ့စကားအား သုံးဦးသား နေ့လည်စာစားပြီးချိန် ၊ မတော်ရသေးတဲ့ ယောက္ခကြီးရဲ့ သားခန့် မာမီနဲ့အတူshopping ခဏသွားရအောင် ဆိုတဲ့စကားကနေစပြီး ခန့်ဝေယံကိုအတော်ကိုနားလည်သွားရသည် ။

မိန်းပြောပြသည့်စကားအရ ဒီcenterက သူတို့ SKလုပ်ငန်းစုရဲ့အပိုင်ထဲက တစ်ခုဖြစ်သည်တဲ့ ။ သူတို့ဝင်လာကထဲက မြင်လိုက်တာနဲ့ နှုတ်ဆက်အရိုအသေပေးကြတဲ့ ဝန်ထမ်းတွေကြောင့် ခန့်ဝေယံကိုအနေခက်ရသလို ၊ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် သူ့အတွက်ဟုဆိုတာဝယ်သမျှကိုလည်း ခန့်ဝေယံကိုမှာငြင်းမရဖြစ်ရသည် ။

နောက်ကလိုက်ပေးနေတဲ့ သက်တော်စောင့်လိုဝတ်စားထားတဲ့ လူ ၄ယောက်လက်ထဲအပြည့်ဖြစ်နေသောအထုတ်တွေကြောင့် ခန့်ဝေယံကိုငိုချင်လာရသည်။

ပစ္စည်းတွေရဲ့စျေးနှုန်းတွေကြောင့်လည်း ခန့်ဝေယံကို ခေါင်းပင်မူးချင်လာသည် ။ သူတစ်ခါမှမစဥ်းစားထားတဲ့brandတွေအား ခေါင်းအစခြေအဆုံးဝယ်ပေးနေလေသည်။

"မာမီအရမ်းများနေလေပြီနော်"

ခန့်ဝေယံကိုတားဆီးသလို အကျိုးအကြောင်းပြကာငြင်းကြည့်ပေမယ့် မာမီကဝယ်ချင်သေးတာဆိုတဲ့တုံ့ပြန်စကားမှာ ပြောစရာစကားပျောက်သွားရသည်။

စိုင်းခွန်မိန်းကိုကြည့်တော့လည်း မျက်နှာကလုံဝမကြည်နေတော့ပဲ မှုန်ကုပ်နေလေသည် ။

အထည်တိုင်တစ်ခုထဲပတ်နေကြရင်း ခန့်ဝေယံကိုထပ်မဝယ်တော့ဖို့ ဘယ်လိုတားရမလဲဆိုတာ အကြံထုတ်နေရသည် ။

"သားခန့် ဒါလေးကြိုက်လား အင်း သားခန့်နဲ့လိုက်တယ် ဒါရောယူမယ်"

မေးလာသောမေးခွန်းအား ပြန်ဖြေချိန်ပင်မရလိုက် နောက်ကလိုက်ပေးနေသော ဝန်ထမ်းမိန်းကလေးလက်ထဲထည့်ပေးလိုက်သော Tshirt အင်္ကျီတစ်ထည် ။

"သားခန့် မာမီသားဒယ်ဒီအတွက် နက်စ်တိုင်ရွေးပေးချင်လို့ ကူရွေးပေးဦး လာ"

"ဟုတ်ကဲ့"

မှန်ဘောင်တွေထဲက ဒီဇိုင်းအမျိုးမျိုးသော နက်စ်တိုင်လေးတွေကိုကြည့်ပြီး ခန့်ဝေယံကိုအတွေးထဲ သူ့ရဲ့ပီကေလိုခွေးပေါက်လေးကို မြင်လာသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Tempat cerita menjadi hidup. Temukan sekarang