Magical my love P-1 Uni

2.6K 125 17
                                    

Seoul မြို့ရဲ့ အမြင့်ဆုံး private ကျောင်းတစ်ခုမှာ အထက်တန်းတတ်နေတဲ့ HyunSuk...
အဖေ့အာဏာနဲ့ဆို လုပ်ချင်တိုင်းလုပ်လို့ရပေမယ့် သုံးချင်တိုင်းသုံးလို့ရပေမယ့် အဲ့လိုသားမျိုးထဲမှာသူမပါ....
ချစ်စရာကောင်းတဲ့အပြုအမူတွေနဲ့ လူတိုင်းအပေါ်ထားတဲ့ စိတ်ထားနူးနူးညံ့ညံ့လေးကြောင့် အများရဲ့အချစ်ခံလေး
Choi HyunSuk. ...
ကိုယ်ချင်းစာတရားကြီးမားပြီး လူတိုင်းကိုအကောင်းမြင်စိတ်နဲ့ပဲကြည့်ပေးပြီး အရာရာကူညိီပေးတတသြော သူဌေးသားလေး......

ဆိုင်တစ်ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရင်းကျောင်းကိုဖြစ်သလိုတတ်နေတဲ့ JiHoon......
ဘယ်သူနဲ့မှပေါင်းသင်းဆက်ဆံမှုမလုပ်ချင်သလို ဘယ်သူ့ကိုမှလည်းဂရုမစိုက်....
သူ့အလုပ်သူလုပ်ပြီး သူ့အကြောင်းဘယ်သူ့ကိုမှလည်းပြောပြလေ့မရှိ
အပြင်ပိုင်းအေးဆက်ဆက်အပြုအမူတွေနဲ့ပဲ သူစိန်းဆန်ဆန်ဘဝကိုရင်ဆိုင်နေတဲ့သူ.....
ပြတ်သားလွန်းပြီး အပိုဆိုစကားတစ်ခွန်းတောင်ပြောဖို့ဝန်လေးလေ့ရှိသူ ParkJihoon ......

~~~~~~~~~~~~~~~~~~~~

"HyunSuk ဒီတစ်ပတ်ကျောင်းပိတ်ရက်ပြီးရင် စာမေးပွဲဖြေရတော့မှာနော် သားကိုယုံပေမယ့် အကောင်းဆုံးကြိုးစားဖို့ ဖေဖေထပ်မှာချင်တယ်"

"ဟုတ်.. သားအတွက်ကစိတ်သာချထားပါနော်"

HyunSuk တို့မိသားစုသုံးယောက် မနက်စာစားရင်းစကားစမြည်ပြောနေကြသည်
စာမေးပွဲအတွက်စာလုပ်နေရင်း  နေ့လည်ရောက်တော့ ခါတိုင်းသွားနေကျ cafe ကို စက်ဘီးစီးပြီးသွားလိုက်သည်
သူပင်ပန်းပြီးပျင်းလာတယ်လို့ထင်ရင် အဲ့ဆိုငျလေးမှာထိုငျပွိီး စာအုပ်ဖတ်တာတို့ ဂိမ်းဆော့တာတို့လုပ်လိုက်ရင် အမြဲအဆင်ပြေသွားနေကျမို့ အခုလည်း phone တစ်လုံးယူကာ ထိုဆိုင်လေးဆီသို့.....

ခါတိုင်းဆိုသူလာတိုင်းအပြေးလာနေကျ စားပွဲထိုးလေးကအခုသူထိုင်နေတာ 10 မိနစ်လောက်ရှိပြီ
သူ့ဆီသူအပါအဝင်ဘယ်သူမှရောက်မလာတာကြောင့်
လက်ထဲဖုန်းကိုသာ ဆက်ကလိပြီးစောင့်နေလိုက်သည်

"ကလောက်..."

အသံမပေးပါဘဲ စားပွဲခုံကိုလက်ဖြင့်ခေါက်ပြီး ဖုန်းကြည့်နေတဲ့သူ့ကိုအသိပေးနေတဲ့ လက်တစ်စုံ.....
စားပွဲထိုးလားလို့စဥ်းစားမိပေမယ့် နုဖတ်ပြီးအကြောတွေပါထောင်ထွက်နေသည့် ဖြူဖွေးဖွေးလက်တစ်စုံကြောင့် စားပွဲထိုးမဟုတ်ဘူးလို့လည်း လစ်ခနဲအတွေးကဝင်လာပြန်သည်

Magical my love [Completed 💜]Where stories live. Discover now