Magical my love P-11 ZG

195 18 2
                                    

JungHwan ညစာစားပြီး အခန်းထဲမသွားချင်သေးတာကြောင့် ဧည့်ခန်းမှာ စာထိုင်ကြည့်နေသည်
Rejin ရေခဲသေတ္တာထဲကရေကိုသောက်ချင်တာကြောင့် အိမ်ပေါ်ထပ်မှဆင်းလာသည်
လှေကားထိပ်ရောက်တော့ ဧည့်ခန်းဘက်မှ JungHwan ကိုတွေ့တာကြောင့် မီးဖိုခန်းထဲမသွားဘဲ ဧည့်ခန်းဆီသို့.....

ထို့နောက် JungHwan နဲ့မျက်နှာချင်းဆိုင်ဆိုဖာမှာခပ်ကျော့ကျော့ထိုင်ချလိုက်တော့ ဝတ်ထားသည့် ညအိပ်ဂါဝန်က လျော့တိလျော့ရဲ..

JungHwan မော့ကြည့်မိတဲ့ကိုယ့်ကိုယ်ကိုသာအပစ်တင်ပြီး
စာကိုသာဆက်ကြည့်နေလိုက်သည်

"အယဉ်အကျေးမရှိဘူးပဲ လူလာရင်နှုတ်ဆက်ရမှာမသိဘူးလား"

"Sorry ကျွန်တော်စာလုပ်နေလို့ပါ "

JungHwan စကားတုမပြောချင်တာကြောင့် စာအုပ်တွေကိုပိတ်ပြီး ထသွားမို့အလုပ်

"နေအုံး...ငါရေသောက်ချင်လို့ ရေခဲတ္တောထဲကရေလေး သွားယူလာပေးပါလား"

JungHwan ငြင်းပြီးထားခဲ့ချင်ပေမယ့် သူမက ဒီအိမ်ကြီးရဲ့ ဧည့်သည်ဖြစ်နေတာကြောင့်ရော ဒီမိသားစုမျက်နှာနဲ့ကြောင့်ရော
လက်ထဲကစာအုပ်ကိုချထားခဲ့ပြီး ရေသွားယူပေးရန်မီးဖိုခန်းထဲသို့လာခဲ့သည်

အနောက်မှ ခပ်ထေ့ထေ့အပြုံးပြုံးနေသောသူမက စိတ်ထဲမှာတော့

*မင်းမျက်လုံးတွေငိုငါသိတာပေါ့ ငါ့ကိုသဘောမကျလေငါကပိုနှိမ်ချင်လေပဲ အဟက်*

ထိုအချိန် အပေါ်ထပ်မှဆင်းလာသော HyunSuk ကို ReJin မြင်လိုက်တာကြောင့် အမြန်ထသွားပြီး HyunSuk နားသွားကာ

"HyunSuk ReJin ပျင်းနေတာနဲ့အတော်ပဲ ပျင်းလို့ဆင်းလာတာလားဟင်"

"မဟုတ်ပါဘူး ကျွန်တော် JungHwan ကိုရှာနေတာ အာ...JungHwana "

"အော်...JungHwan လေးက ရေသွားသောက်နေတာလေ ခုနကပဲစာကျက်ရင်း အာခေါင်ခြောက်လို့ဆိုလား အဟင်း"

JungHwanအခြေအနေကိုသဘောပေါက်တာကြောင့် လက်ထဲကရေခွက်ကိုခပ်တင်းတင်းဆုပ်ကာ

"Hyung ဘာလို့ကျွန်တော့ကိုရှာတာလည်း"

"မင်းငါ့အခန်းထဲမလာလို့လေ ဘာလုပ်နေလည်းလာကြည့်တာ စာကျက်နေတာဆိုဆက်ကျက်လေ အကိုလည်းတတ်အိပ်တော့မယ်"

Magical my love [Completed 💜]Where stories live. Discover now