Magical my love P-6 Uni

527 79 3
                                    

JiHoon ကားကိုချက်ချင်းပြန်လှည့်ကာ အဖေရှိရာဆေးရုံသို့
အရှိန်ကုန်မောင်းသွားလိုက်သည်
ဆေးရုံရောက်တော့ ဆရာဝန်ကြီးရဲ့စကားအရဆိုရင်
အဖေဟာအပြည့်အဝအနားယူဖို့လိုနေပြီဖြစ်တယ်
ဒီအတွက်တော့ စိတ်မပူရပါ သူကိုယ်တိုင်က ဖေ့ဖေ့ရဲ့အလုပ်ကိစ္စတွေအားလုံးကို သူကတာဝန်ယူဆောင်ရွက်နေပြီမို့...

"ဖေဖေ သက်သာလား "

"အင်း....ဖေဖေ့အတွက်စိတ်မပူဘဲ အလုပ်ကိုသာအာရုံစိုက်ပြီးလုပ်
ဖေဖေမှာထားတဲ့အတိုင်း သူ့ကိုလုံးဝအရှုံးမ​ပေးနဲ့ "

"အလုပ်ကိစ္စတွေအကုန်လုံးကို သားတာဝန်ထားပြီးခေါင်းထဲကထုတ်လိုက်တော့ သားကိုယုံတယ်မလား "

အဖေနဲ့လိုအပ်တာတွေပြောပြီးနောက် ဆေးရုံရဲ့ special roomထဲမှထွက်လာသော JiHoon မျက်နှာပေါ်မှာ
အေးစက်တည်ငြိမ်မှုတွေကပ်ပါလာနေသည်
အရင်ထဲက တည်ငြိမ်ပြီး မျက်နှာတင်းတင်းနေတတ်တဲ့ JiHoon အတွက်တော့ မထူးဆန်းပေမယ့် ပြင်ပလူနေတွေအမြင်မှာတော့
ကြက်သီးထစရာကောင်းနေသည်

"Yedam... အကုန်လုံးစုံစမ်းခဲ့ "

"ဟုတ်...မနက်ဖြန်စာရင်းတင်ပါ့မယ် "

JiHoon တို့ Company မှာ CEO ပြီးရင်အရေးအကြီးဆုံးလူလို့တောင်ပြောလို့ရမည်
BangYedam......ငယ်ရွယ်ပြီးအသက်နဲ့မလိုက်အောင်
ထက်မြက်လွန်းတဲ့အတွက်ကြောင့် JiHoon ဖေဖေလက်ထပ်ထဲက အတွင်းရေးမှူးရာထူးကိုရယူထားတာ အခု JiHoon အချိန်မှာလည်း Company အားထားစရာတစ်ခုလိုကိုဖြစ်လို့နေသည်

နားလည်သဘောပေါက်လွယ်ပြီး အရမ်းထက်မြက်တာကြောင့်
အကြောင်းအရာတစ်ခုကိုဆို နှစ်ခါပြန်ပြောစရာမလိုအောင်....

အခုလည်း JiHoon လက်ထောက်ပြတဲ့ Company ရဲ့အကြောင်းအားလုံးကို စုံစမ်းခိုင်းတာကြောင့်
လပ်တော့ပ်တစ်လုံးယူကာ ချက်ချင်းအလုပ်ရှုပ်နေပြီ

JiHoon ကတော့ အရင်ကသိထသမျှ ထိုCompany ရဲ့အကြောင်းအရာတစ်ချို့နှင့် social media မှာ ထို Company အကြောင်းကိုရှာဖွေရင်း အလုပ်ရှုပ်နေကြသည်
ထိုအချိန် စိတ်ထဲပြန်ကြားနေတဲ့စကားက

*ဖေဖေတို့ Company ဒေဝါလီခံရတုန်းက အခွင့်ကောင်းယူပြီး အောက်ဆုံးထိရောက်အောင် ထိုးချခဲ့တာ အခုအဲ့အရှိန်နဲ့ နာမည်တော်တော်ရနေပြီ သူ့ကိုတော့ လုံးဝအရှုံးမပေးမိစေနဲ့ *

Magical my love [Completed 💜]Where stories live. Discover now