Magical my love P-9 Uni

536 84 18
                                    

JiHoon HyunSuk လက်ကိုဆွဲကာ သန့်စင်ခန်းမှထွက်လာသည်
ထို့နောက် အပြင်မှာ ငြိမ်ကုတ်ကုတ်စောင့်နေကြတဲ့ CEO အပါအဝင် Manager ရှေ့ထိသွားပြီး

"ဒါလား ခင်ဗျားတို့ Company ရဲ့ safety "

ပြတ်သားပြီး မာထန်လွန်းနေတဲ့ JiHoon အသံနဲ့အမူအယာကြောင့် CEO တောင် ရဲရဲပြန်မကြည့်ရဲ
HyunSuk ကတော့ JiHoon ရဲ့ပုံစံကိုသိပ်မအံ့သြပေမယ့်
လုံခြုံပြီးနွေးထွေးတယ်လို့ခံစားမိသည်
သူအရမ်းကြောက်ပါတယ်ဆိုတဲ့ အန္တရာယ်တွေက သူ့အရှေ့မှာရှိနေရင်တောင် JiHoon နဲ့အတူနေရမယ်ဆိုရင် သူဘာကိုမှကြောက်တော့မည်မဟုတ်ပါ

ထိုအခါမှ CEO လို့ထင်ရတဲ့သူက

"ကျွန်တော်တို့ဘက်က လိုအပ်ချက်ပါခင်ဗျ တောင်းပန်ပါတယ် "

"ဒါဟာ ခင်ဗျားတို့အတွက်သာမန်အမှားဆိုပေမယ့် တစ်ဖက်လူအတွက် ဘယ်လောက်ထိခိုက်သွားနိုင်လည်းသိလား "

"တောင်းပန်ပါတယ် "

ParkJiHoon ဆိုတဲ့လူရဲ့အရှိန်အဝါဟာ အာဏာမလိုပါဘဲကို
လူရှိန်နေရလောက်သည်
JiHoon သူပြောချင်တာများပြောနေချိန်ထိ HyunSuk လက်ကိုဆုပ်ကိုင်ထားထားတုန်းပဲဖြစ်သည်

ပြောချင်တာများပြောပြီးနောက် JiHoon HyunSuk လက်ကိုဆွဲကာ ကားရှိရာကားပါကင်သို့ဆင်းလာပြိီးကားထဲထိုင်စေသည်

ထို့နောက် driver seat မှာJiHoon ဝင်ထိုင်လိုက်ပြီး

"တော်တော်လန့်သွားလား နောက်ကျသွားလို့ တောင်းပန်ပါတယ် "

"ကျေးဇူးတင်ပါတယ် အမြဲတမ်းမင်းကိုဒုက္ခပေးနေမိပြီ "

"ကျေးဇူးတင်ရင် နောက်အဲ့လိုမဖြစ်အောင်ဂရုစိုက်နေပေးပါ
ကျွန်တော်ဘေးနားမရှိပေးနိုင်တဲ့အချိန်မျိုးမှာပေါ့ "

HyunSuk မျက်နှာကိုသေချာစိုက်ကြည့်ကာ စိုးရိမ်သလိုပြောနေတဲ့ Jihoon ကြောင့် HyunSuk အတော်ပျော်မိသလို ဝမ်းနည်းမိပါသည်
အရမ်းကိုစိုးရိမ်သလိုလုပ်ပြပြီး သူ့မျှော်လင့်ချက်တွေကိုဂရုမစိုက်တဲ့ JiHoon ကို သူစိတ်ဆိုးမိသလို ဂရုစိုက်မှုတွေကိုမျက်ဝန်းကနေတဆင့်တွေ့ရလို့ သူပျော်မိသည်

Magical my love [Completed 💜]Where stories live. Discover now