Magical my love P-8 Uni

564 86 9
                                    

"ဒီနေ့ အစည်းအဝေးမှာ JiHoonက project တင်ပြရမှာနော် "

"အင်း "

"တဂယ်လို့ JiHoon project က လူကြိုက်များတယ် အဆင်ပြေတယ်ဆိုရင် ဒီတစ်ခေါက်လေလံကိစ္စကို  JeongWoo နဲ့တွဲလုပ်ရမယ် ဖိုက်တင်း "

"ကျေးဇူးပါ "

"Hyung fighting "

ဘေးနားက JeongWoo ကလည်း fighting ပုံလုပ်ပြရင်းရီပြသည်
HyunSuk ကိုလှည့်ကြည့်တော့လည်း မျက်လုံးနှစ်ဖက်လုံးမှိတ်သွားသည်အထိပြုံးပြရင်း ခေါင်းခါပြသည်
မစိုးရိမ်နဲ့ဆိုသည့်သဘောနဲ့ပေါ့

JiHoon HyunSuk Company မှာအလုပ်ဝင်ရင်း အမြဲကြုံတွေ့ရပြီး အရင်းနှီးဆုံးဖြစ်ခဲ့တဲ့အရာကတော့ နွေးထွေးတဲ့အပြုံးတွေပါ.....

သူဌေး နဲ့ ဝန်ထမ်း ပြီးတော့ ဝန်ထမ်းအချင်းချင်း
ဒီCompany မှာက နွေးထွေးတဲ့အပြုံးတွေနဲ့ ချစ်ခင်ရင်းနှီမှု ဖြူစင်မှုတွေပြည့်နှက်နေတဲ့ ChoiHyunSuk ကိုယ်တိုင်ဦးဆောင်နေတဲ့ Company.....
သူသိထားတဲ့ type နဲ့ တခြားစီဖြစ်နေသည်
ဒါပေမယ့် သူ့အဖေပြောထားတဲ့စကားတစ်ခွန်းကို သူမေ့ထားလို့မရပါ
ဘယ်လောက်ပဲ ဖြူစင်နေပါစေ ဒါတွေဟာ ဟန်ဆောင်မှုတွေပဲလို့ JiHoon တွေးလိုက်သည်

ထို့နောက် JiHoon ကိုယ်တိုင်ပြင်ဆင်ထားတဲ့ project ကို တင်ပြရန် အစည်းအဝေးခန်းထဲသို့ဝင်သွားလိုက်သည်
ဒါဟာ လက်စားချေဖို့အတွက် သူ့ရဲ့ ပထမဆုံးခြေလှမ်း.....

ပထမဆုံး ခြေလှမ်းမှာ တခြားသူတွေ သဘောကျဖို့အတွက်က 100% အရေးကြီးတာမို့ JiHoon ရဲ့ လက်စွမ်းတွေကိုလည်းထုတ်ပြဖို့အချိန်ရောက်ပြီ

3 နာရီလောက်ကြာပြီးနောက် အစည်းအဝေးခန်းမှ လက်ခုပ်သံပေါင်းများစွာ Company တစ်ခုလုံးသို့ထိုးထွင်းပျံနှံ့သွားသည်
လက်ခုပ်သံနှင့်အတူ ParkJiHoon ဟာ Company တစ်ခုလုံး၌ မသိတဲ့သူမရှိတော့
အခုဆို ChoiHyunSuk ရဲ့ အနားမှာ Park person နှစ်ဦးရှိနေပြီမို့ တော်ရုံCompany ရဲ့​ လေလံပွဲတွေ ဖင်စပ်လုပ်ငန်းတွေ အစစအရာရာမှာ ပိုမိုအောင်မြင်လာသည်

ဒီနေ့ HyunSuk ဖက်စပ် Company ကိုသွားရန်ရှိသည်
HyunSuk တို့ Company နဲ့လက်တွဲဖို့ကမ်းလှမ်းထားတာ မကြာသေးတဲ့ Company အသစ်လည်းဖြစ်တာကြောင့် HyunSuk ကိုယ်တိုင်သွားလေ့လာရန် ဆုံးဖြတ်ထားသည်
JeongWoo ကိုလည်း အတူလိုက်ခဲ့ရန်မှာထားသည်

Magical my love [Completed 💜]Where stories live. Discover now