Magical my love P-12 Uni

519 81 33
                                    

"HyunSuk ReJin ပြန်ရောက်ပြီ ခုနက JiHoon ဒီအခန်းထဲကထွက်သွားတာတွေ့တယ် "

"အင်း သူဖိုင်လာပို့သွားတာ "

HyunSuk က ReJin အားမော့မကြည့်ဘဲ ဖိုင်တွေကိုကြည့်ရင ပြန်ဖြေလိုက်သည်
HyunSuk မျက်နှာကိုကြည့်လိုက်တော့လည်း မနက်ကနဲ့တခြားစီ
ပျားရည်ဖိတ်ကျထားသလို ပြုံးပျော်နေသည့်ပုံနှင့်ကြည်လင်နေသည်
ဒီအခန်းထဲက ထွက်သွားတဲ့ JiHoon ကလည်း ပြုံးစိစိလုပ်သွားတာ သူ့ကိုတောင်မမြင်ဘူးထင်ပါရဲ့
ReJin စိတ်ထဲမှာတော့ သူထင်တာမမှားဘူးပဲ
ဒီတစ်ခါတော့ ပျော်လိုက်ကြပေါ့ နောက်တစ်ကြိမ်ဆိုတာ JiHoon နဲ့ HyunSuk ကြားမှာ ပျော်စရာမရှိစေရဘူး လို့ ReJin စိတ်ထဲကတွေးလိုက်တယ်

HyunSuk အလုပ်လုပ်နေတာကြောင့် ရုံးခန်းထဲက Sofa မှာ သူမ ဖုန်းကြည့်ရင်းစောင့်နေတယ်
နေ့လည်စာစားချိန်ရောက်တော့ ReJin က အလုပ်လုပ်နေတဲ့ HyunSuk စားပွဲနားသွားကာ HyunSuk လက်မောင်းကိုကိုင်ရင်း

"HyunSuk ရုံးဆင်းချိန်ရောက်ပြီလေ... နားပါတော့ တို့ ဗိုက်ဆာလာပြီ "

ဖြန့်ချထားတဲ့ ဆံပင်တစ်ဖက်ကိုနားထဲသို့ညှပ်ကာ ချွဲပစ်ပစ်အသံဖြင့် ပြောနေသည်

"အာ sorry ReJin ဗိုက်ဆာမှာပေါ့ မေ့သွားတယ် "

HyunSuk လည်းအလုပ်ရှုပ်လွန်းနေတာကြောင့် ReJin ကိုမေ့ပြီး နေ့လည်စာလိုက်မကျွေးရသေးတာကြောင့် လုပ်လက်စအလုပ်ကိုလက်စသတ်ပြီး JiHoon နဲ့ JeongWoo ရှိရာ Company က စားသောက်ဆိုင်ကိုသွားလိုက်သည်
ထို့နောက် သူတို့နှစ်ယောက်နဲ့အတူဝင်ထိုင်လိုက်ပြီး မှာစရာရှိတာတွေကိုမှာလိုက်သည်

"JiHoon နဲ့ JeongWoo ဒီနေ့အဆင်ပြေကြတယ်မလား "

HyunSuk ကခါတိုင်းလိုပဲ ရယ်ပြုံးပြီး မေးလာတာမို့ JiHoon နဲ့ JeongWoo လည်းအဆင်ပြေကြောင်း ပြန်ဖြေလိုက်သည်
ထို့နောက်မှာထားသည့်အစားအစာများရောက်လာသည်မို့
နေ့လည်စာကိုအတူစားကြသည်

ReJin က သူမစားခင် HyunSuk ပန်းကန်ထဲကိုအသားယူထည့်ပေးလိုက်ပြီး

"အသားများများစားနော် "

"အာ. ရပါတယ် ReJin များများစားပါ "

"HyunSuk စားပါ...HyunSuk ကလေ အလုပ်တွေများနေတာ ReJin က ဗိုက်ဆာတယ်ဆိုလို့သာ သူ့အလုပ်တွေလက်စသတ်ထားခဲ့ရတာ  အဟင်း "

Magical my love [Completed 💜]Where stories live. Discover now