Magical my love P-P13 Uni

537 84 22
                                    

"ဟား ဟားဟား JiHoon Hyung အဖေ့သားမဟုတ်တော့ဘဲ သူ့ရဲ့ ကောင်လေးလုပ်တော့မယ်ပေါ့ "

"ဟူး......ငါ သူ့ကို ReJin နဲ့စိတ်မချဘူးကွာ "

"Hyung ရာ....ဘဝကြီးမှာပျော်ရွှင်မှုကိုပေးတာ ပကာသနတွေမှမဟုတ်တာ ကိုယ့်စိတ်ကိုပျော်ရွှင်အောင် ကိုကိုယ်တိုင်ပဲဖန်တီးယူတာက ပိုကောင်းပါတယ် "

JiHoon လည်း မတတ်သာတဲ့အဆုံး Yedam ကိုရင်ဖွင့်နေလိုက်တယ် Yedam ကတော့ ရင့်ကျက်တည်ငြိမ်သူပီပီ JiHoon ကို တိုက်တွန်းနေတယ်
တဂယ်တော့Yedam လည်း ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ JiHoon Hyung ရဲ့ ပျော်ရွှင်နေတဲ့မျက်နှာကိုမတွေ့ဖူးသလို
သူ့ကိုဒီလိုစကားပြောတာကိုလည်းမမြင်ဘူးခဲ့
အခုဒီလိုဆက်ဆံပြောဆိုနေပြီဆိုထဲက ထိုကောင်လေးကJiHoon ရဲ့ဘဝမှာဘယ်လောက်အရေးပါလည်းဆိုတာ Yedam ခန့်မှန်းမိသည် ထို့ကြောင့် သူကိုယ်တိုင်လည်း JiHoon ကို
အဆင်ပြေစေချင်တာကြောင့်.......

~~~~~~~~~~~~~~~~~~~~

"HyunSuk ဒီတစ်ပတ်ပိတ်ရက်ရောက်ရင် ဒို့ စျေးဝယ်ထွက်ချင်လို့ ကုန်တိုက်လိုက်ပို့ပေးပါလား"

"အင်း ရပါတယ် "

"HyunSuk ကကွာ ဒို့ကိုဆိုစကားပြောတာမပွင့်မလင်းနဲ့ ရင်းရင်းနှီးနှီးဆက်ဆံပါဆို"

"HyunSuk Hyung...... ကုန်တိုက်သွားမလို့ပြောနေတာလား ကျွန်တော်လည်းလိုက်မယ်လေ ဝယ်စရာလေးနည်းနည်းရှိလို့ "

JungHwan က HyunSuk ခါးကိုဖက်ကာ ချွဲသလိုလိုလာကပ်ပြောနေတာမို့
HyunSuk ကသဘောတကျနဲ့JungHwan ရဲ့ပုခုံးကိုပြန်ဖက်ကာ

"မရပဲနေပါ့မလား ဘယ်သူ့ညိီလေးမိုလို့လည်း "

"Hyung ရဲ့ညီလေး ဟီး"

ReJin JungHwan ကိုအတော်ကြည့်မရတာကြောင့် စိတ်ပျက်သလိုအမူအရာလုပ်ကာ ဆံပင်ကိုလှန်သပ်လိုက်သည်
အခုလည်း ဂိမ်းဆော့မို့ဆိုပြီး HyunSuk ကိုအတင်းခေါ်သွားပြန်ပြီ
HyunSuk ရဲ့ခါးကိုဖက်ပြီးဆွဲခေါ်သွားတဲ့ JungHwan က ReJin ဘက်ကိုလှည့်ပြီး လျှာထုတ်ပြသွားသေးတာမို့
စပ်စလူးခါကျန်ခဲ့တာကတော့ ReJin.......

"HyunSuk Hyung! ReJin ကိုသဘောကျလို့လား "

"JungHwan ကလည်း အစမရှိအဆုံးမရှိဘာလို့လည်း နှုတ်ခမ်းလေးလည်းပြန်သွင်းထားအုံး Hyung ကိုလည်းလာထိုးမိနေအုံးမယ် ဟားဟား"

Magical my love [Completed 💜]Where stories live. Discover now