JiHoon အရင်တစ်ခေါက်က မလုပ်ဖြစ်လိုက်တဲ့အလုပ်ကို ဒီနေ့ပိတ်ရက်မှာပြန်အကောင်အထည်ဖော်ဖို့အတွက်
စက်ဘီးပိုင်ရှင်ရှိရာ cafe ကိုထွက်လာသည်
ဒီနေ့တော့ ကားမယူလာဘဲ လမ်းလျှောက်ပြီးသာလာခဲ့သည်JiHoon လမ်းလျှောက်လာရင်း ရှေ့မှခပ်လှမ်းလှမ်းကလူစုတစ်စုကြောင့် အာရုံစိုက်နားထောင်ကြည့်လိုက်တော့
"ဒါဆို...ဟို...ကျွန်တော့်အိမ်လိုက်ခဲ့ပါလား အဲ့ရောက်မှ ပိုက်ဆံထပ်ဖြည့်ပေးမယ်လေ "
"ဘာ! ဒီပိုက်ဆံလေးရဖို့ကို ငါတို့ကမင်းအိမ်လိုက်ရအုံးမယ် ဟုတ်လား "
HyunSuk ကြောက်ကြောက်နဲ့မျက်ရည်တောင်ကျချင်လာသည် စိတ်ထဲတောင်းတမိလိုက်တာက
*လူတစ်ယောက်လောက် မြန်မြန်လာကယ်ပါ... ကျေးဇူးပြုပြီး *JiHoon HyunSuk ကိုမြင်ပြီး တဂယ်ကိုအံ့သြလွန်းရပါသည်
ပျောက်သွားပြီး ဒုတိယတစ်ခေါက်ပြန်တွေ့တာတောင် ဒီလိုပုံစံနဲ့ပဲလား... အရမ်းကိုတုံးအလွန်းလ်ိုက်တာကွာ..."ဒီမှာ ! "
HyunSuk အသံကြားရာဘက်ကိုလှည့်ကြည့်လိုက်တော့.....
သူဘယ်လိုမှ မထင်မှတ်ထားတဲ့ သူ့ရဲ့ မျှော်လင့်ချက်လေး.....
ငါအမြင်မှားတာလား..... တဂယ်သူလား....ပျော်လိုက်ရတာ.....ဘေးနားကလူတွေကို သူဘာတွေပြောလိုက်လည်းတောင် ကျွန်တော်သတိမထားမိတော့ပါ
မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့မျက်နှာလေးကိုကျွန်တော် ငေးကြည့်နေခဲ့မိတာ..... အမှန်တိုင်းပြောရရင် ကျွန်တော့်ကို ဒီအချိန် သူများရိုက်သွားရင်တောင် ကျွန်တော်သိမည်မထင်JiHoon ထိုလူတွေနှင့်ကိစ္စရှင်းပြီးပြန်လှည့်ကြည့်လိုက်တော့
သူ့ကို မော့ကြည့်နေတဲ့ အကောင်ပေါက်လေး
JiHoon မွေးလာထဲက အခုချိန်ထိ မြင်ခဲ့ရတဲ့မြင်ကွင်းတွေထဲမှာ
ဒီမြင်ကွင်းလေးကတော့ သူ့ရဲ့အနှစ်သက်ရဆုံးမြင်ကွင်းလေးပေါ့ဒါပေမယ့် သူ့ရဲ့ image တော့ရှိသေးတယ်မလား
ငါအခုချ်ိန်ထိ ဘာမှမပြောင်းလဲဘူး မင်းကတော့ချွင်းချက်ပေါ့...."မင်း...အဲ့လောက်နုံရလား "
HyunSuk တစ်ယောက်အရှေ့ကလူကိုကြည့်ရင်း ကမ္ဘာကြီးကိုတောင်မေ့နေလိုက်တာ
ထိုလူအော်တော့မှ သတိပြန်ဝင်ကာ