Unicode~
ထိုတခဏတွင် သူမတွင် အတွေးတစ်ခုသာရှိခဲ့သည်- သူ့ကို သတ်!!!
ကျားက မြေပြန့်ရောက်ချိန်မှာ ခွေးတွေရဲ့ အနိုင်ကျင့်ခြင်းခံရတယ်ဆိုတဲ့ ခံစားချက် (T.N. ကိုယ့်နယ်မြေမဟုတ်ရင် အနိုင်ကျင့်ခံရတာကို ဆိုလိုတယ်လို့ထင်ပါတယ်) - ဒါက ကျန်းချူးဝေ ပထမဆုံး ကြုံတွေ့ရခြင်းပင်။
သူမ၏ အရင်ဘဝတွင် အနိုင်ကျင့်ခံရတိုင်း သူမ တိတ်တခိုးလေး လက်တုန့်ပြန်ခဲ့တာပင်။ အခုတော့ ရန်ဘက်က ဧကရာဇ်ဖြစ်၍နေသည်။ သူ့ကိုသာ တစ်ခုခုလုပ်လိုက်လျှင် ပုခုံးနှစ်ဖက်ကြားတွင်ရှိနေသည့် သူမ၏ ခေါင်းသည် အာမခံနိုင်တော့မည် မဟုတ်ပေ။ သူမ နောက်တွင် ဧကရီနှင့် ဦးရီတော်ရှိနေသော်ငြား၊ ဒီခန္ဓာကိုယ်က စုရှုရုန်ဖြစ်နေသော်ငြား၊ ချူးဝေသည် အရူးတစ်ယောက်တော့ မဟုတ်ပေ။ နောက်ခံတောင့်သည်ဆိုတိုင်း ဘေးကင်းပြီဟူ၍ မဆိုုလိုနိုင်ပေ။
ရှဟောက်သာ လူတစ်ယောက်ကို ပျောက်ကွယ်သွားစေချင်လျှင် သူမ ဧကရီဖြစ်နေသော်ငြား သူ့အာဏာဖြင့် မဖြစ်နိုင်သည့်အရာမရှိပေ။ သူမသာ ကောင်းကောင်းမနေလျှင် အဆိပ်ခပ်ခံရလျှင်ရ၊ မဟုတ်လျှင် လူဌား၍ အသတ်ခံရနိုင်သည်!! သူမကို တိတ်ဆိတ်စွာ ရှင်းထုတ်၍ တစ်စုံတစ်ယောက်ကို စုရှုရုန်ဖြစ်အောင် မျက်နှာဖုံးတပ်ပြီး နေခိုင်းတာမျိုးလည်း ဖြစ်နိုင်သေးသည်။
TV Drama များတွင် ဤသို့သော နည်းလမ်းများကို သုံးကြသည်ကို သူမ ကြည့်ခဲ့ဖူးသည်။ ထိုတုန်းကတော့ ဒီလိုမျိုး ဖန်တရာတေနေသည့် ဇာတ်ကွက်တွေကို လှောင်ရယ်ခဲ့ဖူးသော်ငြား ဒီလိုမျိုး တစ်နေ့ နေလာရမည်ကိုတော့ မခန့်မှန်းမိခဲ့ဖူးပေ!!
ဝိဉာဉ်ကူးပြောင်းလာရမယ်ဆိုမှတော့ သူမက ဘာကိစ္စများ ဧကရီလာဖြစ်နေရတာလဲ? သာမန် ပြည်သူပြည်သားတစ်ယောက် ဘာလို့မဖြစ်ရတာလဲ?
"ငါ ဘာ အကုသိုလ်များ လုပ်ခဲ့မိလို့လဲ?"
စကြာဝဠာကြီးက ဘာလို့ သူမကို ဒီလိုလုပ်ရတာလဲ???!!!
ချူးဝေ စောင်ကိုကိုက်ရင်း အဝတ်တွေကို လက်သီးဖြင့် လိုက်ထိုးနေမိတော့သည်။
YOU ARE READING
မဟူရာဧကရီ (Dark Empress) |Completed|
Historical FictionUnicode~ ⽼梗也是梗系列之 (AKA We were supposed to have died in a plane crash, instead we transmigrated). လေယာဉ်ပျက်ကျမှုတွင် သေဆုံးရန်အကြောင်းဖန်သော်ငြား ခန္ဓာအသစ်တွင်ဝိဉာဉ်ကူးပြောင်းမိသွားခြင်း ဟူသည့် ယွမ်ယွမ်စီးရီး၏ ပထမမြောက်စာအုပ်။ Title: Dark Emp...