Chapter 6.2

8.8K 773 21
                                    

Unicode~

ကျန်းချူးဝေ ခါးကျိုးသွားပြီးလားဟူ၍ပင် ခံစားနေရသည်။

ခါးတင်သာမက သူမ ကြွက်သားနှင့် အရိုးတို့သည်လည်း အစိတ်အပိုင်းပေါင်းများစွာဖြစ်သည်အထိ ဆွဲဖြဲထားပြီးမှ ပြန်ဆက်ထားသလိုမျိုး ခံစားနေရသည်။ သူမ အိပ်ယာထဲမှ မထနိုင်ပေ။

ရှဟောက်ဆိုသည့် နှာဗူးကောင်သည် မနေ့ညက ရူးနှမ်းနေသလိုပင်။ သူ့အပြုအမူတို့သည် ရိုင်းပြပြီး တစ်ကိုယ်ကောင်းဆန်လွန်သည်... သူမကို Sex Toy သဖွယ် အတင်းယူပစ်ပြီး သူ့ပိုင်ဆိုင်မှုတစ်ခုလို ရက်စက်စွာ ပြုမူနေသည်။

သူမ ကိုယ်လေးသည် သူ၏ စိတ်အားထက်သန်မှုများဖြင့်ပြည့်နှက်နေသည်- ကိုက်ရာများနှင့် ခရမ်းသွေးထနေအောင် စုပ်ထားသည့်အရာများ... သူမ အသားအရောင်သည် စုပ်ရာများကို မမြင်နိုင်လောက်စေသော်ငြား ကိုက်ရာတို့ကတော့ ထင်ရှားလွန်းလှသည်။ လက်ကောက်ဝတ်ဆီမှ ဒဏ်ရာတို့ကို စိုက်ကြည့်နေရင်းဖြင့် သူ့ကို ချူးဝေ သတ်ပစ်ချင်လာသည်။

သူမ နားမလည်နိုင်ပေ။

သူ့ကို သူမ မဆွပေးခဲ့ပေ... ဘာကြောင့်များ သူ့ဒေါသတွေကို သူမအပေါ်လာပုံချနေရတာလဲ?

ပြီးတော့ သူ ချင်းလင်းနန်းဆောင်မှာ နေဖို့ လုပ်ခဲ့တာမဟုတ်ဘူးလား?

ညနက်သန်းခေါင်ကျမှ သူမ အိပ်ယာပေါ်ကို သူ ဘာလာတက်လုပ်တာလဲ?

ချင်းဖေးက သူ့ကို ကျေနပ်အောင် မလုပ်ပေးလို့လား?

ဒါမှမဟုတ် ဒီ စုရှုရုန်ရဲ့ ခြောက်ကပ်ကပ် ခန္ဓာကိုယ်ကိုများ အထူးအဆန်းဆိုပြီး သူ အရသာတွေ့နေတာလား?

ဒါပေမဲ့ ဒါကရော ဘယ်လိုများဖြစ်နိုင်ပါ့မလဲ?

သူမသာ ယောကျာ်းတစ်ယောက်ဖြစ်လျှင် သေချာပေါက် ချင်းဖေးကိုသာ ရွေးမှာပင်...

ချင်းဖေးသည် အရာရာကိုပိုင်ဆိုင်ထားသည်... ပြည့်တင်းသည့်ရင်သားတစ်စုံ၊ သေးသိမ်ကျစ်လစ်သည့် ခါးလေးနှင့် တင်သားမြင့်မြင့်တွေ...

ပြီးတော့ သူမသည် အင်မတန်လှပသည့် အမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်...

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now