Chapter 10.1🚗

11.3K 788 15
                                    

Unicode~

အောက်ပါအကြောင်းအရာတွင် ၁၈နှစ်အောက် ကလေးငယ်များနှင့် မသင့်တော်သည့် အကြောင်းအရာများ ပါဝင်ပါသည်။

နူးညံ့သည့် မျက်နှာသေးသေးလေး၊ ဝိုင်းစက်စက်မျက်ဝန်းတစ်စုံ၊ လက်သေးသေးလေးတစ်စုံသည်လည်း သူမ ဆံပင်ကို ဆွဲထားပြီး ပန်းရောင် နှုတ်ခမ်းနုနုလေးသည်လည်း တဖူးဖူးမှုတ်နေသေးသည်။

ကျန်းချူးဝေ၏ နှလုံးသားသည် လျှင်မြန်စွာပင် အရည်ပျော်ကျသွားရတော့သည်။ သူမ ဆံပင်ကို သူ့ပါးစပ်ထဲ ထည့်ဖို့ ပြင်နေသည်ကို မြင်ရချိန်တွင်တော့ လျှင်မြန်စွာဖြင့် သူ့ထံမှ လုယူလိုက်ရတော့သည်။

"မလုပ်ရဘူး..."

ကိုက်စရာ မရှိတော့မှန်းသိလိုက်ရချိန်တွင် သူ့မျက်နှာလေးက ချက်ချင်းပင် ရှုံ့မဲ့သွားတော့သည်။ လက်လေးက လက်သီးအဖြစ်ဆုပ်ကာသွားရင်း ပါးလေးတို့က ဖောင်းတက်လာကာ ပူစီဖောင်းမှုတ်နေတော့သည်။

ချစ်စရာကောင်းလိုက်တာ!!!!!

လိုက်လာဖို့ အကြာကြီး ချူးဝေ တုန့်ဆိုင်းနေမိသည်။ နောက်ဆုံးတွင်တော့ သူမ လှည်းပေါ်တက်ပြီး တွေ့ဖို့လိုက်လာခဲ့သည်။ ရုန်းဖူက သူတို့နေသည့် အခန်းထဲသို့ ဦးဆောင်ကာခေါ်လာသည်။

ရှဟောက်မရှိကြောင်း တွေ့ရချိန်တွင် သူမ စိတ်သက်သာရာမရပဲ မနေနိုင်ပေ။ ထို့နောက် အိပ်ယာနံဘေးရှိ ပုခက်ကို သူမ မြင်လိုက်ရသည်။

ပုခက်နားသို့ ဖြေးဖြေးချင်းလျှောက်သွားလေရင်း သူမ နှလုံးသားလေးသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေတော့သည်။ ကလေးကို မြင်လာရချိန်တွင် သူမ အသက်အောင့်မိသွားတော့သည်။

သူလေးက နိုးနေသည်... သို့သော် ငိုမနေပေ။ ပုခက်ထဲတွင် သူ့ဘာသာနေနေရင်း ဟိုဟိုဒီဒီကြည့်နေကာ တုတ်တုတ်ခဲခဲခြေထောက်လေးကို ကန်နေတော့သည်။ သူမကို မြင်လိုက်သည့်အခါတွင် ကြောက်ရွံ့ခြင်းကင်းစွာဖြင့် မျက်လုံးဝိုင်းကြီးဖြင့် သူမကို စိုက်ကြည့်နေပါတော့သည်။

သူမ ပြုံးလိုက်ပြီး ဝဝကစ်ကစ်မျက်နှာလေးကို ကိုင်ကြည့်ရန် ဖြေးဖြေးချင်းလက်လှမ်းလိုက်ပါတော့သည်။

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now