Chapter 2.1

8.6K 996 7
                                    

P.S 

Chapter 1 က ဧကရာဇ်ရဲ့မိန်းမစိုး ယောင်ဖူက စာလုံးပေါင်းသေချာကြည့်တော့ Yongfu ဆိုလို့ ရုန်းဖူ လို့ Chapter 2.1 ကစပြီး ပြင်ရေးထားပါတယ်။ Chapter 1 မှာလည်း ပြန်ပြင်ထားပေမယ့် Library ထဲကို အခုမှ Add ထားတာ မဟုတ်ရင် ချက်ချင်းမပြောင်းတာမျိုးဖြစ်နိုင်ပါတယ်နော်။ 

Chapter 2.2 ကိုညကျတင်ပေးပါမယ်။

Unicode~

"ဧကရီက မကျန်းမာဘူးတဲ့လား?"

ရုန်းဖူ၏ အစီရင်ခံမှုကိုကြားလိုက်ရချိန်တွင် ရှဟောက်ရင် မျက်ခုံးပင့်လိုက်မိသည်။ သူ့အမူအရာတွင် စိတ်ပူပန်သည့်ဟန် လုံးဝရှိမနေသော်ငြား သူမေးလိုက်သည်။

"သမားတော်က သူ့ကို စောင့်ရှောက်ကြည့်ရှုပေးရဲ့လား?"

ရုန်းဖူ ဦးညွှတ်လိုက်ရင်း...

"ရှရှီ ပြောတာကတော့ ဧကရီက အအေးမိရုံပါတဲ့... သူကလည်း ဧကရီအတွက် သမားတော်ဆီမှာ ဆေးတောင်းဖို့ သွားနေပါသတဲ့... ဧကရီက အရှင်မင်းကြီးဆီကို အဖျားကူးမှာစိုးရိမ်နေပါတယ်... ဒီအတွက် ဒီည အရှင်မင်းကြီးကို အဖော်မပြုပေးနိုင်ပါဘူးတဲ့..."

ရုန်းဖူ သူ့ဘာသာသူတွေးမိနေခြင်းကတော့ ရှရှီ၏ အပြုအမူတို့က အနည်းငယ် သံသယဖြစ်ဖွယ်ပင်။ သို့သော် ဧကရီ နေမကောင်းချင်ယောင်ဆောင်သည်ဆိုသည်က မဖြစ်နိုင်သည့်အတွက် သူဒါကိုစိုးရိမ်မနေတော့ပေ။ ဒါက တကယ်ကို မဖြစ်နိုင်ပေ...

သူမက နဂါးတစ်ကောင်၏ တင့်တယ်ခြင်းကို ဘယ်လိုများ ငြင်းဆန်နိုင်ပါ့မလဲ?

ရှဟောက်ရင် ငြိမ်သွားရင်း သက်ပြင်းချလိုက်သည်။

"ဂျင်ဆင်း၊ လင်ဇီးနဲ့ နှင်းကြာပန်းပွင့်ကို ဖန်ယိ နန်းဆောင်ကိုပို့လိုက်... ပြီးတော့ သမားတော်ထိုက်ကို ဧကရီကို သွားကြည့်ဖို့ ပြောလိုက်..."

"အမိန့်တော်အတိုင်းပါ..."

ရုန်းဖူ ဦးညွှတ်လိုက်သည်။ ကလေးဘဝကတည်းက သူသည် ဧကရာဇ်နှင့် အတူ ကြီးပြင်းလာသည့်အတွက် ဧကရာဇ်စိတ်ကို နားလည်လေသည်။ ဒီည ဖန်ယိ နန်းဆောင်ကို မသွားရခြင်းအပေါ် ဧကရာဇ် စိတ်သက်သာရာ ရနေမည်မှာ အမှန်ပင်။

မဟူရာဧကရီ (Dark Empress) |Completed|Donde viven las historias. Descúbrelo ahora