Unicode~
တော်ဝင် စာကြည့်ဆောင်တွင်~
ညလင်းပုလဲတို့က အခန်းကို အလင်းပေး၍နေသည်။ ရှဟောက် တွေဝေစွာဖြင့် ငေးငိုင်နေမိရင်း ခုံကိုသာ အကြောင်သားကြည့်နေမိသည်။ နံဘေးတွင်ရပ်နေသည့် ရုန်းဖူက တိတ်ဆိတ်စွာဖြင့် ဖယောင်းတိုင်မီးကို ကိုင်ထားလေသည်။
လေ့ကျင့်ကွင်းထဲက ထွက်သွားပြီးကတည်းက ဧကရာဇ်မျက်နှာသည် ပေါက်ကွဲစေသည့် ပစ္စည်းတွေကို စားထားမိသလိုမျိုး မဲမှောင်နေခဲ့တာပင်။ ထို့နောက်တွင်လည်း မှူးမတ်တော်တော်များများသည် ဧကရာဇ်ထံမှ ကြိမ်းမောင်းခြင်း ခံလိုက်ရသေးသည်။
ဧကရာဇ်၏ ဒေါသကို ဒါ သူ ပထမဆုံး မြင်တွေ့ဖူးခြင်းပင်။ ဧကရာဇ်နှင့် အချိန်အကြာကြီး ရှိခဲ့ပြီးသည့်နောက် သူ အမြဲမြင်တွေ့ရသည်က တည်ငြိမ်ပြီး အေးစက်သည့် အမူအရာသာဖြစ်ပြီး ခံစားချက်အမူအရာတို့ကို သူက ဘယ်တုန်းကမှ ပြသခြင်း မရှိခဲ့ဖူးပေ။ သို့သော် ဒီနေ့ကတော့ ထူးခြားနေသည်။ ရုန်းဖူ ဧကရာဇ်ကို ဘယ်အရာက ဒီလိုမျိုး ဖြစ်စေခဲ့လေမှန်း စဉ်းစားရန် အကျိတ်အနယ် ကြိုးစားနေသည်။
လေ့ကျင့်ကွင်းကို သူ ပြန်တွေးလိုက်သည်... လေးအတတ်ကို ဧကရာဇ် လေ့ကျင့်နေခဲ့သည်။ ဧကရီကတော့ အရိပ်ထဲတွင်ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့သည်။
ချင်းဖေးက ပရိသတ်လုပ်ခဲ့ပြီး ဒါကိုလည်း ဧကရာဇ်ကသာ ခွင့်ပြုခဲ့တာပင်။ နတ်ပြည်မှ ကျလာသည့် နတ်သမီးလေးအသွင်ရှိသည့် ကိုယ်လုပ်တော်လေးသည် ဧကရာဇ်၏ ရင်ခွင်ထဲသို့ တိုးဝင်ရင်း အာရုံစိုက်မှုကို တောင်းဆိုနေခဲ့သည်။ ဧကရာဇ်ကလည်း သူမကို တွေ့ချင်ကြောင်း သဘောတူခဲ့သည်ပင်။
ထိုနှစ်ဦးသားသည် အရမ်း ချစ်မြတ်နိုးဟန်ပြခဲ့ပြီး ဧကရာဇ်သည်လည်း ပျော်ရွှင်စွာဖြင့် ပြုံးနေခဲ့သည်ပင်။ အရာရာသည် ပုံမှန်အတိုင်းသားဖြစ်ခဲ့သည်။ သို့သော် တခဏကြာပြီးနောက်တွင်တော့ ဧကရာဇ် မျက်နှာတော် ညိုးငယ်သွားခဲ့ခြင်းပင်။ အရိပ်ရသစ်ပင်အောက်ကို ဧကရာဇ် ကြည့်လိုက်ကြောင်း သူ မှတ်မိသွားခဲ့သည်။

ESTÁS LEYENDO
မဟူရာဧကရီ (Dark Empress) |Completed|
Ficción históricaUnicode~ ⽼梗也是梗系列之 (AKA We were supposed to have died in a plane crash, instead we transmigrated). လေယာဉ်ပျက်ကျမှုတွင် သေဆုံးရန်အကြောင်းဖန်သော်ငြား ခန္ဓာအသစ်တွင်ဝိဉာဉ်ကူးပြောင်းမိသွားခြင်း ဟူသည့် ယွမ်ယွမ်စီးရီး၏ ပထမမြောက်စာအုပ်။ Title: Dark Emp...