Unicode~
တိုင်းပြည်၏ ဧကရာဇ်အနေဖြင့် ရှဟောက်ရင်သည် ဉာဏ်ပညာရှိသူတစ်ယောက်ဖြစ်သည်။ သူ့အသက် ၇နှစ်တွင် ထီးနန်းကိုဆက်ခံခဲ့ပြီး အသက်၁၄နှစ်တွင် နန်းတွင်းအာဏာအားလုံးကို တရားဝင်ရယူခဲ့သည်။ သူ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည်သည် စည်ပင်သာယာပြီး တိုင်းသူပြည်သားတို့သည် ကြွယ်ဝချမ်းသာကြ၍ စစ်သည်အင်အားသည်လည်း မြင့်မားလှသည့်အတွက် အခြားသော တိုင်းပြည်တို့သည့် အလွယ်တကူ မကျူးကျော်ရဲကြပေ။
သူ၏ ထက်မြက်လှသည့် အုပ်ချုပ်မှုထက် အကြီးမားဆုံးသော သူရဲကောင်းသည်ကား မယ်တော်ကြီးပင်ဖြစ်သည်။ သူ ငယ်ရွယ်စဉ်ဘဝတွင် ထီးနန်းဆက်ခံခဲ့စဉ်က သူ၏ မယ်တော်ကြောင့်သာမဟုတ်လျှင် အရာရာသည် ပိတ်ဆို့ခံထားရလိမ့်မည်ဖြစ်သည်။
နိုင်ငံရေးအကြောင်းကို သူ့ကို ညွှန်ပြပေးပြီး နယ်ပယ်ဒေသတို့ကို မည်သို့ အုပ်ချုပ်ရမည်ကို လမ်းညွှန်းပေးကာ စစ်တပ်အင်အားကို ချုပ်ကိုင်ပေးခဲ့သည်။ သူမသာ မရှိလျှင် မကောင်းသည့်ဘက်သားတွေသာ အနိုင်ရသွားလိမ့်မည်ကို သူ စိုးရွံ့ခဲ့ရသည်။ ထိုအတိုင်းသာဖြစ်ခဲ့လျှင် တိုင်းပြည်သည် ယနေ့ကဲ့သို့ ကြွယ်ဝချမ်းသာ၍ တည်ငြိမ်နေလိမ့်မည်မဟုတ်ပေ။
သူ သင့်တင့်သည့် အရွယ်ရောက်လာချိန်တွင်တော့ မယ်တော်ကြီးသည် အာဏာကို ဆုပ်ကိုင်ထားဖို့ စိတ်မဝင်စားတော့ပေ။ ဇက်ကြိုးကို သူ့ကိုလွှဲပေးလိုက်ပြီး နိုင်ငံရေးနှင့်ပတ်သတ်သမျှကို လုံးဝ မစီမံတော့ပေ။ သူမ၏ တစ်ခုတည်းသော အမိန့်သည်က ဉာဏ်ပညာရှိစွာ၊ ဆုံးဖြတ်ချက်မှန်ကန်သည့် ဧကရာဇ်ဖြစ်လာစေရန်ဟူ၍...
သူ့မယ်တော်၏ မိသားစုသည် နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟူ၍ ကောလဟာလတွေရှိနေသော်ငြား မယ်တော့်ကို သူ လေးစားသည်။ ထို့အပြင် မယ်တော်၏ လွှမ်းမိုးမှုနှင့် မယ်တော်၏ ခဲအိုတော်ဖြစ်သည့် ကြီးမြတ်လှသည့် စစ်ဗိုလ်ချုပ်ကြီးက စစ်တပ်၏ အာဏာကိုချုပ်ကိုင်ထားသည်ကိုလည်း သူ ကြောက်ရွံ့ခဲ့ရသေးသည်။
သို့သော် မယ်တော်က တိုင်းပြည်ကို သူ့လက်ထဲလွှဲအပ်ချိန်တွင် သူ့ဦးရီးတော်ဖြစ်သည့် ထိုနာမည်ကျော် စစ်ဗိုလ်ချုပ်ကြီးသည် သူ့ရှေ့တွင် ဒူးတိုက်လာရင်း အသက်ပေးမည့်အကြောင်းကို သစ္စာဆိုလာခဲ့သည်။ ဒီအတွက် ဒီဆွေမျိုးနှစ်ဦးသည် သူသတိထားစရာမလိုအပ်ကြောင်း သိခဲ့ရတော့သည်။
YOU ARE READING
မဟူရာဧကရီ (Dark Empress) |Completed|
Historical FictionUnicode~ ⽼梗也是梗系列之 (AKA We were supposed to have died in a plane crash, instead we transmigrated). လေယာဉ်ပျက်ကျမှုတွင် သေဆုံးရန်အကြောင်းဖန်သော်ငြား ခန္ဓာအသစ်တွင်ဝိဉာဉ်ကူးပြောင်းမိသွားခြင်း ဟူသည့် ယွမ်ယွမ်စီးရီး၏ ပထမမြောက်စာအုပ်။ Title: Dark Emp...