Chapter 9.3

8.5K 821 19
                                    

Unicode~

မျက်နှာသည် ဖရဲသီးကဲ့သို့ပင်... မျက်လုံးတို့က ဝိုင်းဝိုင်းကြီးကြီးနှင့် နှာခေါင်းက ပြားနေသည်။ နှုတ်ခမ်းအနေအထားသည် မဆိုးသော်ငြား အားလုံးခြုံပြောရလျှင်တော့ စကားလုံးနှစ်လုံးနှင့်သာ ဖော်ပြရပေမည်-- သာမန် ဟူ၍...

ခန္ဓာကိုယ်သည်--- ရင်ဘတ်သည် ပြားကပ်နေပြီး တင်လည်း မရှိပေ... အသားအရည်သည် နက်မှောင်၍နေသည်...

ဝါး... အရမ်းကို ထူးခြားတာပဲ!!!!

"တုမြောင်ဖူ... ကြည့်လို့မဝသေးဘူးလား?"

ချူးဝေ နားထင်တို့ပင် လှုပ်ခတ်လာသည်။ လက်ထဲက စွတ်ပြုတ်ပန်းကန်ကို မြောင်ဖူ၏ မျက်နှာပေါ်သို့ လောင်းပစ်ချင်လှသည်။

တုမြောင်ဖူသည် တအံ့တသြဖြင့် ခေါင်းကို ခါယမ်းနေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ချူးဝေကို မြင်နေပြီးသော်ငြား သူမ တုန်လှုပ်နေဆဲဖြစ်သလို ဒါကို မယုံနိုင်သေးပေ။

"ဝေ... ငါက ငါ့မျက်နှာနဲ့ချွတ်စွပ်တူတဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာတာကတင် တော်တော် အံ့သြစရာ ကောင်းနေပြီလို့ ထင်ခဲ့တာ... ငါ မမျှော်လင့်မိတာက... ..."

ချူးဝေကို မြင်ရချိန်တွင် သူမ စိတ်သက်သာရာရသွားခဲ့သည်။

အင်မတန်မှ နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီးလေးက အခုတော့ မီးသွေးရောင် အသားအရည် ဖြစ်နေသတဲ့...

ဟားဟား!!!!!

ဒါထက် ဘာက ရယ်စရာကောင်းဦးမှာလဲ? သူမသာ ဒဏ်ရာရမထားဘူးဆိုလျှင် ရယ်ရလွန်း၍ အိပ်ယာထဲတွင် လူးလိမ့်နေလိမ့်မည်ပင်...

ချူးဝေ ဒီစော်ကားမှုကို လျစ်လျူမရှုနိုင်ပေ... ပန်းကန်လုံးကို သူငယ်ချင်းလက်ထဲသို့ ရိုင်းပြစွာပင် ပစ်ထည့်လိုက်ပြီး...

"နင့်ဘာသာနင်သောက်တော့..."

ထို့နောက် လှည့်သွားရင်း ခွက်ထဲသို့ ချူးဝေ ရေထည့်နေသည်။ မြောင်ဖူသာ ဒဏ်ရာမရထားလျှင် သူမ ရိုက်ပစ်တော့မည်ပင်!!!

သို့သော် မြောင်ဖူက သူမကို လုံးဝ မကြောက်ပေ... ခါးသက်သည့်အရသာကို မကြောက်စွာဖြင့် စွတ်ပြုတ်ကို အေးအောင် မှုတ်ရင်း အနည်းငယ် သောက်လိုက်သည်...

မဟူရာဧကရီ (Dark Empress) |Completed|Where stories live. Discover now